တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် Mr. Kofi Annan ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

ဒေသတွင်နေထိုင်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရန် လိုအပ်သည်ကို သိရှိနားလည်ပြီး လိုအပ် သည်များ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သို့သော် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်း များနှင့်အညီ နေထိုင်လုပ်ကိုင်ရန်လိုအပ်ကြောင်း၊ ယင်းသို့နေထိုင်လုပ်ကိုင်ခြင်းမရှိဘဲ မိမိဘာသာရပ်တည်ချက်ဖြင့် နေထိုင်၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ခြင်း၊ နိုင်ငံတော်၏ ဥပဒေစည်းမျဉ်းများကို ဆန့်ကျင်ခြင်း တို့မှာ မဖြစ်နိုင်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ Mr. Kofi Annan ဦးဆောင်သောအဖွဲ့အား ဒီဇင်ဘာ (၆) ရက် နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့် ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။

 

 

ထိုသို့တွေ့ဆုံရာတွင် Mr. Kofi Annan က မိမိတို့ကော်မရှင်အနေဖြင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အောက်တို ဘာလဖြစ်စဉ်တွင် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုအတွက် စိတ်မကောင်းဖြစ်ရပါ ကြောင်း ဦးစွာပြောကြား၍ ဒုတိယအကြိမ် မြန်မာနိုင်ငံခရီးစဉ်တွင် ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့မှုအခြေအနေများ၊ နိုင်ငံအကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခဲ့မှု အခြေအနေများ၊ ကော်မရှင်အနေဖြင့် လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၊ ပြန်လည်သင့်မြတ်ရေး၊ အသိုက်အဝန်းအသီးသီးကြားတွင် ထိတွေ့ဆွေးနွေးနိုင်ရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာကိစ္စရပ်များ နှင့်ပတ်သက်သည့် အဆိုပြုချက်များကို ရေရှည်ကာလအတွက် အဓိကထား အကြံပြုတင်ပြသွား မည်ဖြစ်ကြောင်း၊ တပ်မတော်အနေ ဖြင့်လည်း လူသားချင်းစာနာ ထောက်ထားသည့် အကူအညီပေးမှုကိစ္စရပ်များတွင် ကူညီဆောင်ရွက်စေလိုကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က ပြန်လည်ဆွေးနွေးရာတွင် ရခိုင်ပြည်နယ်၏ အရေးကိစ္စမှာ များစွာရှုပ်ထွေးမှုရှိ ကြောင်း၊ နိုင်ငံသားဖြစ်မှုနှင့်ပတ် သက်၍ လွတ်လပ်ရေးမရခင်အခြေ အနေနှင့် လွတ်လပ်ရေးရပြီး အခြေ အနေနှစ်ရပ်ရှိကြောင်း၊ ၁၉၄၈ခုနှစ် မတိုင်မီ မိမိနိုင်ငံ၏ အချုပ်အခြာအာဏာမပိုင်ဆိုင်မီ အခြေအနေတွင် ရှိနေသည့် နိုင်ငံသားအခြေအနေနှင့် လွတ်လပ်ရေးရပြီး၍ အချုပ်အခြာအာဏာ ပိုင်ဆိုင်ပြီးနောက် နိုင်ငံသားများ၏ အခြေအနေဟူ၍ရှိကြောင်း၊ နိုင်ငံသားဖြစ်မှုနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ရခိုင်ဒေသတစ်ခုတည်းအတွက်မဟုတ်ဘဲ တစ်နိုင်ငံလုံးနှင့်ခြုံ၍ စဉ်းစားလုပ်ဆောင်ရကြောင်း၊ ၁၉၄၈ ခုနှစ်မတိုင်မီ ရခိုင်ဒေသတွင် ရောက်ရှိနေသည့် ဘင်္ဂါလီ များနှင့်ပတ်သက်၍ လွတ်လပ်ရေးရပြီးနောက်ပိုင်း အစိုးရထုတ်ပြန်သည့် ဥပဒေများနှင့် အသိအမှတ်ပြုခဲ့သည်များ ရှိကြောင်း၊ သို့သော်လည်း ခိုင်လုံမှုမရှိသဖြင့် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေနှင့် ထပ်မံစိစစ်ဆောင်ရွက်ခဲ့ကြောင်း၊ ဥပဒေနှင့်အညီ အားလုံးစိစစ်မှုခံ ယူရန်လိုအပ်ပြီး ဥပဒေနှင့် ညီညွတ်သူအားလုံးကိုလည်း အသိအမှတ်ပြုကြောင်း ဦးစွာရှင်းလင်းပြော ကြားသည်။

ဆက်လက်ပြီး ရခိုင်ဒေသတွင် အောက်တိုဘာလ၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ပြောကြားရာ ယင်းဖြစ်စဉ်တွင် လုံခြုံရေးအဖွဲ့များ၏ လက်နက်ခဲယမ်းများ ဆုံးရှုံးမှုရှိခဲ့ကြောင်း၊ မိမိလုံခြုံရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်တိုက်ခိုက်သူများ ထိတွေ့မှုဖြစ်စဉ်များတွင် ယင်းလက်နက်တချို့ ပြန်လည်သိမ်းဆည်းရမိကြောင်း၊ ယင်း လက်နက်များဖြင့် မိမိလုံခြုံရေး တပ်ဖွဲ့ဝင်များကို ပြန်လည်တိုက်ခိုက်နေခြင်းဖြစ်၍ အန္တရာယ်ကြီးမားသောကြောင့် အားလုံးပြန်လည်သိမ်းဆည်းရရှိရေး ဆက်လက်ကြိုး ပမ်းဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောကြားသည်။

ထို့နောက် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများနှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ၄င်းတို့အနေဖြင့်လည်း NVC ကတ်များ ထုတ်ယူရမည်ဖြစ်ကြောင်း၊ သို့မဟုတ် IDP Camp တွင် စုစည်းနေထိုင်ရန်လိုကြောင်း၊ သို့မှသာ Registration လုပ်ငန်းများနှင့် Identify လုပ်ငန်းများ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးခြင်းလုပ်ငန်းအပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် Identify လုပ်ငန်းများကို စနစ်တကျ ဆက်လက်လုပ်ဆောင် သွားရမည် ဖြစ်ကြောင်း ဆွေးနွေး ပြောကြားသည်။

တပ်မတော်အပေါ် လူ့အခွင့်အရေးချိုးဖောက်ကြောင်း စွပ်စွဲမှုများနှင့်ပတ်သက်၍ ပြောကြားရာတွင် သတင်းမီဒီယာ တချို့တွင် တပ်မတော်မှ လူသတ်မှု၊ မုဒိမ်းမှု၊ မီးရှို့မှုများလုပ်ဆောင်နေသည်ဟု စွပ်စွဲပြောဆိုမှုများရှိကြောင်း၊ လူ သတ်မှု၊ မုဒိမ်းမှုများနှင့်ပတ်သက်၍ မြေပြင်တပ်များမှ တင်ပြချက်အရ ယင်းဖြစ်စဉ်များမရှိကြောင်း၊ မီးရှို့ခြင်းနှင့် ပတ်သက်၍ သူတို့ကိုယ်တိုင် အချင်းချင်းမီးရှို့သည်များလည်းရှိကြောင်း၊ အိမ်မီးလောင်ပါက အိမ်အသစ်ရမည်ဆိုပြီး လုပ်ဆောင်သည်များလည်းရှိနိုင်ကြောင်း၊ တိုက်ပွဲဖြစ်ပွားသည့်နေရာများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မိမိတို့တပ်မတော်ကသာအဓိက ပြန်လည်လုပ်ဆောင်ပေးရသည့် အစဉ်အလာနှင့် အတွေ့အကြုံ များစွာရှိခြင်းကြောင့် တပ်မတော်က အိမ်များကိုမီးရှို့ခြင်းမှာ မဖြစ်နိုင်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး Mr. Kofi Annan က ကော်မရှင်၏လုပ်ငန်း ဆောင်ရွက်မှုတိုးတက်မှုအခြေအနေများ၊ အောက်တိုဘာလ ဖြစ်စဉ်ကြောင့် အသိုက်အဝန်းနှစ်ခုကြား တင်းမာမှုဖြစ်ပေါ်ခဲ့ပြီး အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုမရရှိသည့် အခြေ အနေများ၊ လူငယ်အချင်းချင်းအနေဖြင့် ထိတွေ့ဆက်ဆံမှုများရှိသော်လည်း ရခိုင်အသိုက်အဝန်းမှ အသက်ကြီးသူများ အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုအားနည်းကြောင်း၊ ကော်မရှင်အနေဖြင့် မြန်မာနိုင်ငံနှင့် တပ်မတော်အတွက် အထောက် အကူပြုနိုင်မည့်အစီရင်ခံစာပြုစုနိုင်ရန် ကြိုးပမ်းလုပ်ဆောင်နေကြောင်း ဆွေးနွေးပြောကြားသည်။

ထို့နောက် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က ရခိုင်လူကြီးပိုင်းသည် သမိုင်းကို မီခဲ့ကြသူများဖြစ်ကြောင်း၊ ၄င်းတို့ အနေဖြင့် သမိုင်းတွင်ဖြစ်ပျက်ခဲ့မှုများအပေါ် တွေ့မြင်သိရှိခဲ့သောကြောင့် ခံစားချက်များရှိမည်ဖြစ်ပြီး လူငယ်များနှင့် အမြင်မတူနိုင်ကြောင်း၊ သို့ဖြစ်၍ ပူးပေါင်းဆောင်ရွက်မှုမှာလည်း ကွာခြားနိုင်ကြောင်း၊ မည်သို့ပင်ဖြစ်စေ လက်ရှိ ပစ္စုပ္ပန်တွင် တာဝန်ရှိသူများအနေဖြင့် ယခုပြဿနာကို တာဝန်ယူရှင်းလင်းကြရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် အမှန် အတိုင်းဖြစ်စေရန်၊ ဥပဒေနှင့်အညီ ဖြစ်စေရန် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြား၍ တပ်မတော် အနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးကြကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများတက်ရောက်ကြပြီး Mr. Kofi Annan နှင့်အတူ ရခိုင် ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။


Leave a Reply