“စစ်ပွဲတွေရပ်” ဟုပြောဆိုခြင်းသည် တိုက်ဆိုင်မှုမဟုတ်တော့ဘဲ သောင်းကျန်းသူများကို ပြန်လည်ခုခံ တိုက်ခိုက် သည့်အချိန်တိုင်း ထွက်ပေါ်လာသည့်အသံဖြစ်

စစ်ပွဲတွေရပ်ဟု ပြောဆိုခြင်းသည် တိုက်ဆိုင်မှုမဟုတ်တော့ဘဲ သောင်းကျန်းသူများကို ပြန်လည် ခုခံတိုက်ခိုက် သည့်အချိန်တိုင်း ထွက်ပေါ်လာသည့်အသံဖြစ်ကြောင်း အမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာနေဇင်လတ် က ပြောကြားသည်။

15355827_691859614316886_2388547203056882200_n

”ပြည်တွင်းစစ်တွေက တစ်ကြိမ်တည်းလည်းမကတော့ဘူး။ သူများက ကျွန်တော်တို့ကို ဝင်တိုက်တယ်။ ကျွန်တော် တို့က ငြိမ်ခံနေရမလား။ အဲ့ဒီအချိန်မှာတုန်းက သူတို့စစ်ပွဲရပ် ဆိုတဲ့စကားလုံးကို သုံးသင့်တာပေါ့။ ကိုယ့်ရဲ့ အချုပ် အခြာအာဏာထိန်းသိမ်းတဲ့အနေနဲ့ ကိုယ်ကပြန်တိုက်တဲ့အခါကျတော့ ဒီစကားလုံးချည်းပဲ ထွက်ထွက်လာတာ အတော်မကောင်းတာ။ တစ်ခါတလေလောက်များလည်း သူပုန်ကတိုက်တဲ့အခါ စစ်ပွဲရပ်တို့ ဘာတို့လေးများ ပြောကြည့်ပါလား၊ ပြောဖူးတယ်ရှိအောင်လို့”

”သူပုန်ကနေပြီးတော့ တံတားတွေဖျက်တယ်။ မြို့ထဲဝင်ပစ်တယ်။ အပြစ်မဲ့ ပြည်သူကိုပစ်တယ်။ အဲ့ဒီအချိန်မှာ အသံတွေက ထွက်မလာဘူးလေ။ ဒီကနေ ခုခံတဲ့အခါကျတော့ အဲ့ဒီအသံတွေက ထွက်ထွက်လာတော့ တိုက်ဆိုင် မှုလည်းမဟုတ်သေးဘူး။ ခဏခဏဖြစ်နေပြီ”

ဒီဇင်ဘာ ၆ ရက်တွင်ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံကို ထောက်ခံကြိုဆိုခဲ့ ကြသော ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်နှင့် ငြိမ်းချမ်းရေးကိုလိုလားသော တိုင်းရင်းသား ပြည်သူလူထု တို့က ပြည်တွင်းစစ်ချက်ချင်းရပ်ရန် တောင်းဆိုသည့် အလံဖြူလှုပ်ရှားမှု ချီတက်ပွဲနှင့်ပတ်သက်၍းက အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။

အဆိုပါပြည်တွင်းစစ်ချက်ချင်းရပ်ရန် တောင်းဆိုသည့် အလံဖြူလှုပ်ရှားမှုချီတက်ပွဲကို ယခုလ (၆) ရက် မွန်းလွဲ ၂ နာရီခွဲတွင် ရွှေတိဂုံဘုရားလမ်းနှင့် ကမ်းနားလမ်းထောင့်မှ မြို့တော်ခန်းမအထိ လူဦးရေ (၂ဝဝ) ခန့် လမ်းလျှောက် ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်း သိရသည်။

နေထက်ဝေ


Leave a Reply