မဟာမိတ်တပ်ပေါင်းစုကို အကြမ်းဖက်အဖွဲ့အစည်း သတ်မှတ်ရန် အရေးကြီးအဆိုတင်

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် KIA၊TNLA နှင့် MNDAA မဟာမိတ် တပ်ပေါင်းစု လက်နက်ကိုင် သောင်းကျန်းသူများကို ပြစ်တင်ရှုတ်ချကြောင်းနှင့် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ် ကြောင်း အရေးကြီးအဆိုကို ယနေ့ (ဒီဇင်ဘာလ ၆ ရက်နေ့) ရှမ်းပြည်နယ်လွှတ်တော်တွင် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ လားရှိုးမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ဦးအောင်သူက တင်သွင်းခဲ့သည်။

ယင်းသို့တင်သွင်းခြင်းကို လွှတ်တော်တွင် လက်ခံဆွေးနွေးရန် သင့် မသင့် အရေးကြီးအဆိုကို တင်သွင်းခဲ့ရာတွင် ကန့်ကွက်သူများ ရှိနေသည့်အတွက် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံသူ ၆၁ ဦး၊ ကန့်ကွက်သူ ၅၃ ဦးရှိရာ ယင်းအဆိုကို ယခု ဒီဇင်ဘာလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ကျင်းပလျက်ရှိသည့် အရေးပေါ် အစည်းအဝေးတွင် လက်ခံ ဆွေးနွေးမည်ဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးတွင် တက်ရောက်သူ ဥက္ကဋ္ဌ အပါအဝင် ၁၁၅ ဦး ရှိကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် ၁၃၅ ဦးရှိပြီး ခွင့်ဖြင့်ပျက်ကွက်သူ ၂၀ ဦး ရှိသည်ဟု သိရသည်။

# The Voice


Leave a Reply