ပုဇွန်တောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ ပူဇော်ခံ

ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီရုံးတွင် မြို့နယ်ပါတီကော်မတီ ဥက္ကဋ္ဌ ဦးစိုးမင်းသန်းနှင့် မြို့နယ်ပါတီ ကော်မတီဝင်များမှ ဗုဒ္ဓပူဇာအဖြစ် တိုက်ကြီးမြို့နယ် ချင်းကုန်း ကျေးရွာအုပ်စု သက္ကဝတီ ဂျိုးဖြူ တောင်တော်သာသနာ့နယ်မြေတွင် ကိန်းဝပ်စံပယ်တော်မူကြသော ရှေးနှစ်ပေါင်း များစွာ မင်းစဉ်မင်းဆက် ဆရာတော်အစဉ်အဆက် ကိုးကွယ်ခဲ့သော ရှေးဟောင်း ဗုဒ္ဓ ရုပ်ပွားတော်များ ဘုမ္မိယဆိုင်ရာသိုက်ဘုရားများအား နိုဝင်ဘာ (၂၉) ရက်မှ ဒီဇင်ဘာ (၆) ရက်အထိ ပင့်ဆောင်၍ ပူဇော်ခံလျက် ရှိရာ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ရပ်နီးရပ်ဝေးမှ လုပ်သားပြည်သူများ လာရောက်ဖူးမြော်လျက်ရှိကြပြီး ဒီဇင်ဘာ (၆) ရက်အထိ မည်သူမဆို လာရောက် ဖူးမြော်နိုင်ရန် ဖိတ်ကြားကြောင်း သိရသည်။

ထိန်ဝင်း(ရွှေတိုင်မြေ)


Leave a Reply