တိုင်းဒေသကြီးပါတီဥက္ကဋ္ဌနှင့် လက်ပံတန်းမြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဲခူးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းနှင့် လက်ပံတန်းမြို့နယ်ပါတီကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို မြို့နယ်ပါတီရုံး၌ နိုဝင်ဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲသို့ ပဲခူးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးစောမောထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဦးမျိုးအောင်နှင့် ဦးတင်စိုး၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးသိန်းဇော်၊ ခရိုင်အတွင်းရေးမှူး ဦးဇော်ဝေလင်းနှင့် ခရိုင်ကော်မတီဝင် ဒေါ်အေးအေးခိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ မြို့နယ်အတွင်းရေးမှူး၊ မြို့နယ်ဘဏ္ဍာရေးမှူးနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်/ကျေးရွာပါတီကေဒါများ တက်ရောက်၍ လိုအပ်သည်များကို အသီးသီး ဆွေးနွေးတင်ပြခဲ့ကြပြီး တွေ့ဆုံဆွေးနွေးပွဲသို့ အင်အား (၅၂) ဦး တက်ရောက်ခဲ့သည်။

မြတ်ခိုင်အုန်း(လက်ပံတန်း)


Leave a Reply