ပြည်ကြီးတံခွန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပါတီလုပ်ငန်းနှင့်စည်းရုံးရေး စွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ နိုဝင်ဘာ (၂၉) ရက် နံနက် (၉) နာရီအချိန်က ပါတီလုပ်ငန်း နှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပပြုလုပ်ရာ တိုင်း ဒေသကြီးပါတီကော်မတီဝင်များဖြစ်ကြသော ဦးမျိုးမြင့်၊ ဦးအောင်နိုင်ဦး ခရိုင်ပါတီဥက္ကဌ ဦးဘိုသင်း ခရိုင် အတွင်းရေးမှူး ဦးကျော်စန်း၊ ခရိုင် ကော်မတီဝင် နယ်မြေတာဝန်ခံ ဦးဝင်းလှိုင်ငြိမ်း ၊ မြို့နယ်ဥက္ကဌ ဦးစိုးအေး၊ မြို့နယ်အတွင်းရေးမှူးနှင့်မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာများမှ ပါတီခေါင်းဆောင်များ၊ ကော်မတီဝင်များ၊ လူငယ်များ၊ အမာခံကေဒါများ တက်ရောက်ခဲ့ကြပြီး ပါတီဖွဲ့စည်းပုံစည်းမျဉ်း၊ ပါတီစည်းရုံးရေး၊ မီဒီယာကဏ္ဍ နှင့် လက်ရှိနိုင်ငံရေးအခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

# Thurein Linn Myat


Leave a Reply