ပါတီလုပ်ငန်းနှင့် စည်းရုံးရေးစွမ်းရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲ ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီ၊ ပျော်ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ပါတီလုပ်ငန်းနှင့် စည်းရုံး ရေးစွမ်းရည်မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ (၂၉) ရက် နံနက် (၁ဝ) နာရီတွင် ပျော် ဘွယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမ၌ ကျင်းခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားသို့ အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုး၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သန်းသန်းအေး၊ ရမည်းသင်း ခရိုင် ပါတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း နှင့် ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးကြည်မြင့်နှင့် မြို့နယ် ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ စည်းမှူးနှင့် အမှုဆောင်များ စုစုပေါင်း အင်အား (၁၅ဝ) တက်ရောက်ခဲ့ ကြသည်။

တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်က အဖွင့်အမှာ စကားပြောကြားပြီး တိုင်းကော် မတီဝင်က ဆွေးနွေးပွဲဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြား၍ ခရိုင်ဥက္ကဋ္ဌက ဆွေးနွေးပွဲတွင် ဆွေးနွေးရမည့်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ရာ တိုင်း ကော်မတီဝင်၊ ခရိုင် ဥက္ကဋ္ဌနှင့် ရမည်းသင်းမြို့နယ် ဥက္ကဋ္ဌတို့က ပါတီဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်းနှင့် ပါတီ အဖွဲ့အစည်းများ၊ ပါတီအောင်နိုင်ရေးနှင့် ဖွဲ့စည်းရေးလုပ်ငန်း၊ မီဒီယာလုပ်ငန်းနှင့် စည်းရုံး ဟောပြောခြင်း၊ လက်ရှိ နိုင်ငံရေးအခြေအနေနှင့် ပြည်သူများခံစားနေရခြင်း ခေါင်းစဉ်များဖြင့် တစ်နေ့လျှင် ငါးချိန်ဖြင့် နှစ်ရက်ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

ဦးမျိုး(ပျော်ဘွယ်)


Leave a Reply