ဘီဘီစီ တစ်နှစ်တာအကောင်းဆုံး အားကစားသမားဆုအတွက် အန်ဒီမာရေး ရေပန်းအစားဆုံးဖြစ်နေ
ဘီဘီစီမှ ပေးအပ်ချီးမြှင့်မည့် တစ်နှစ်တာအကောင်းဆုံး အားကစားသမားဆု(Sports Personality of the Year)ဆုကို ရရှိရန် ဗြိတိန်တင်းနစ်အကျော်အမော် အန်ဒီမာရေးက ရေပန်းအစားဆုံးဖြစ်လျက်ရှိသည်။
ထိုဆုအတွက် ဆန်ခါတင်ကစာသမား ၁၆ ဦးစာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ ဘောလုံးသမားများထဲမှ လက်စတာတိုက်စစ်မှူး ဗာဒီနှင့် ဝေးလ်တိုက်စစ်မှူး ဂါရတ်ဘေးလ်တို့နှစ်ဦးသာ ပါဝင်ခဲ့သည်။ ဆန်ခါတင် ကစား သမားများစာရင်းတွင် ရီယိုအိုလံပစ်ပြိုင်ပွဲ၌ ဗြိတိန်အတွက် အောင်မြင်မှုများ ရယူပေးခဲ့ကြသည့် ကစားသမား အများစု ပါဝင်ခဲ့ကြသည်။
၂၀၁၆ ရီယိုအိုလံပစ် မသန်စွမ်းအားကစားပြိုင်ပွဲတွင် အောင်မြင်ခဲ့ကြသည့် ကစားသမား သုံးဦးလည်း ယခု စာရင်း တွင် ပါဝင်လာခဲ့သည်။
အသက် ၂၉ နှစ်အရွယ်ရှိ တင်းနစ်အကျော်အမော် အန်ဒီမာရေးသည် အိုလံပစ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရယူ နိုင်ခဲ့ခြင်း၊ ၀င်ဘယ်ဒန်အိုးပင်းတွင် ဗိုလ်စွဲခဲ့ခြင်းနှင့် ကမ္ဘာ့အဆင့်တစ် တင်းနစ်သမားနေရာကို ရယူနိုင်ခဲ့ခြင်း တို့ကြောင့် တစ်နှစ်တာ အကောင်းဆုံး အားကစားသမားဆုရရှိရန် ရေပန်းအစားဆုံးဖြစ်နေခြင်းဖြစ်သည်။
မာရေးမှာ ဆုရရန်ရေပန်းအစားဆုံးဖြစ်နေသော်လည်း ဆုပေးပွဲကျင်းပမည့် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ၎င်းမှာ ရာသီသစ်အတွက် မီယာမီနှင့် ဖလော်ရီဒါတွင် လေ့ကျင့်ပြင်ဆင်မှုများပြုလုပ်နေမည်ဖြစ်သည့်အတွက် ဆုပေးပွဲကို တက်ရောက်နိုင်မည်မဟုတ်ကြောင်း သတင်းများက ဖော်ပြသွားခဲ့သည်။
ရည်ညွှန်း ဒေးလီးမေးလ်