မိုးညိုမြို့၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တွေ့ဆုံပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့ ရွှေဥဒေါင်းရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်း လမ်းရှိ ပြည်ခိုင်ဖြိုးပါတီရုံး၌ တွေ့ဆုံပွဲ အခမ်းအနားကို နိုဝင်ဘာ (၂၇) ရက် နံနက် (၈) နာရီခွဲတွင် ကျင်းပသည်။

တွေ့ဆုံပွဲတွင် ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းက နှုတ်ခွန်းဆက် အမှာစကားပြောကြားခြင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးနန်းဦးက ပါတီဝင်အင်အားနှင့် မြို့နယ် ဒေသန္တရ အချက်အလက်များကို တင်ပြပြီးနောက် ပါတီဝင်အင်အား ရရှိရေးအတွက် စည်းရုံးရေးလုပ်ငန်းများအား ရေကြီးနစ်မြုပ်မှုကြောင့် ခေတ္တရပ်နားထားကြောင်း၊ ပွင့်လင်း ရာသီရောက်ရှိလာချိန်၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာချိန်မှ ပြန်လည် ဆောင်ရွက် မည်ဖြစ်ကြောင်းနှင့် ပါတီလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်အလုပ်အမှုဆောင်များမှ တာဝန်နှင့်လုပ်ဆောင်ချက်များကို တစ်ဦးချင်း မိတ်ဆက်ရှင်းလင်းခဲ့ပြီး ဦးစောမော်ထွန်းက နိဂုံးချုပ်အမှာ စကားပြောကြားခဲ့သည်။

အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ပါတီဥက္က ဋ္ဌဦးစောမော်ထွန်း၊ ဒုဥက္ကဋ္ဌ ဦးအောင်ချိုဦးနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးနန်းဦး၊ အတွင်း ရေးမှူး ဒေါ်ဇာခြည်လွင်၊ မြို့နယ်အလုပ်အမှုဆောင်များ၊ ရပ်/ကျေး စည်းမှူးများ စုစုပေါင်း ၇ဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုမင်း(မိုးညို)


Leave a Reply