ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အဖွဲ့ သာပေါင်း၊ ကန်ကြီးဒေါင့်မြို့နယ် ကော်မတီဝင် များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် တောင်သူလယ်သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့်၊ ဧရာဝတီတိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးဝင်းကိုကို၊ တိုင်းဒေသကြီး ခရိုင် ကော်မတီဝင်များသည် နိုဝင်ဘာ (၂၆) ရက် နံနက် ၉နာရီတွင် သာပေါင်းမြို့နယ် ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ရပ်/ကျေးအဖွဲ့ ခေါင်းဆောင်များနှင့် လည်းကောင်း၊ မွန်းလွဲ ၂နာရီတွင် ကန်ကြီးဒေါင့်မြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာအဖွဲ့ ခေါင်းဆောင်များနှင့်လည်းကောင်း တွေ့ဆုံခဲ့သည်။

ယင်းတွေ့ဆုံပွဲတွင် ရပ်ကွက်ကျေးရွာအဖွဲ့ခေါင်းဆောင်များ၏ ဒေသတွင်း ပကတိဖြစ်ပေါ်နေ သည့် အခြေအနေများအား ရင်းရင်းနှီးနှီး ဆွေးနွေးတင်ပြချက်များအပေါ် ဗဟိုအတွင်းရေးမှူး နှင့်အဖွဲ့က ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

သာပေါင်း


Leave a Reply