ပဲခူးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ကြို့ပင်ကောက် မြို့နယ် အမာခံကေဒါ များနှင့် တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်းနှင့် အဖွဲ့သည် နိုဝင်ဘာ (၂၆) ရက် မွန်းလွဲ ၁၂ နာရီခွဲ က ကြို့ပင်ကောက်မြို့နယ် ပြည် ခိုင်ဖြိုးပါတီရုံးခန်းမအတွင်း ကြို့ပင်ကောက်မြို့နယ် အမာခံကေဒါ ခေါင်းဆောင်များနှင့်တွေ့ဆုံပြီး ရေးရာကဏ္ဍ အသီးသီးတို့ကို ဆွေးနွေးကြသည်။

ထိုသို့တွေ့ဆုံရာတွင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌနှင့်အတူ တိုင်းပါတီနာယက ဦးဝင်းမြင့်စိုး၊ တိုင်းပါတီဒုဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းပါတီကော်မတီဝင်များ ဖြစ်ကြသော ဦးယဉ်ထွေး၊ ဦးတင်စိုး၊ ဦးမျိုးအောင်၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အတွင်းရေးမှူး ဦးဇော်ဝေလင်း တို့ကလည်း အမာခံကေဒများနှင့်တွေ့ဆုံကာ ဆွေးနွေးအကြံပြုခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပထမအကြိမ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးခင်မောင်လွင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့် ရပ်ကွက်အုပ်စု များမှ အမာခံကေဒါများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုးတင်မြင့်(ရွှေကြို့မြေ)


Leave a Reply