ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပါတီလုပ်ငန်းနှင့်စည်းရုံးရေး စွမ်းရည်မြှင့်တင်ရေးဆွေးနွေးပွဲ အခမ်းအနား ကျင်းပ
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပါတီလုပ်ငန်းနှင့် စည်းရုံးရေး စွမ်းရည်မြှင့်တင်ရေး ဆွေးနွေးပွဲအခမ်းအနားကို နိုဝင်ဘာ (၂၂) ရက်နေ့ နံနက် (၉) နာရီ (၁၅) မိနစ်အချိန်တွင် ကျောက်ဆည်ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းဝေးခန်းမတွင် ကျင်းပသည်။
အဆိုပါဆွေးနွေးပွဲအခမ်းအနားသို့ ကျောက်ဆည်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးအောင်မြင့်သန်းနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ သင်တန်းနည်းပြများ၊ မြို့နယ်ပါတီဥက္ကဌ ဦးစိုးစိုးထွန်းနှင့် ကော်မတီဝင်များ၊ မဲဆန္ဒနယ် အမှတ် (၁)မှ စည်းရုံးရေးမှူးနှင့် ကော်မတီဝင် (၇၆)ဦး တက်ရောက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည်ခိုင်ဖြိုး မန္တလေးတိုင်းဒေသကြီး