လယ်ဝေးမြို့နယ်ပါတီရုံးတွင် အခမဲ့ဆေးဝါးကုသမှု ဆောင်ရွက်ပေးလျက်ရှိ
ပြည်ထောင်စုနယ်မြေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နေပြည်တော် ရာဇသင်္ဂဟဖောင်ဒေးရှင်းနှင့် ကိုးရီးယားသမ္မတနိုင်ငံ Globle Hope လူမှုအဖွဲ့အစည်းတို့ ပူပေါင်း၍ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့ရှိ ပြည်သူများအား အခမဲ့ဆေးဝါးကုသပေးခြင်းကို နိုဝင်ဘာလ (၂၂) ရက်မှ (၂၄) ရက်နေ့အထိ လယ်ဝေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ အခမဲ့ဆေးဝါးကုသမှုဆောင်ရွက်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေမှုများအား ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌ ဦးဝေလွင် မှ နိုဝင်ဘာ (၂၁) ရက်က လာရောက်ကြီးကြပ် လမ်းညွှန် ဆောင်ရွက်ခဲ့ပြီး ဆေးကုသမှုစတင်ဆောင်ရွက်သည့် နိုဝင်ဘာ (၂၂) ရက်တွင် ပို့ဆောင်ရေးဝန်ကြီးဌာန ဒုဝန်ကြီး(ငြိမ်း) ဦးဇင်ယော်မှ ဆေးကုသနေမှုများကို လာရောက်ကြည့်ရူ့အားပေးခဲ့ကြောင်း သိရသည်။