သမ္မတသက်တမ်းအတွင်း TPP ကုန်သွယ်ရေးသဘောတူညီချက်မှ နုတ်ထွက်မည်ဖြစ်ကြောင်း ထရန့်ဆို

ဝါရှင်တန် နိုဝင်ဘာ ၂၂

သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီး တစ်နေ့နေ့တွင် ပစိဖိတ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်ရေး သဘော တူညီချက် (TPP) မှ နုတ်ထွက်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့် က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

trump-speaking

အစိုးရသက်တမ်း ရက် ၁၀၀ အတွင်း ဦးစားပေးလုပ်ဆောင်မည့် ကိစ္စရပ်များကို ရှင်းလင်းသည့် ဗီဒီယိုဖိုင်တွင် ဒေါ်နယ်ထရန့်က “တစ်နေ့မှာ ကျွန်တော်တို့ရဲ့ ဥပဒေတွေကို ပြန်လည်ထိန်းသိမ်းနိုင်ပြီး အလုပ်တွေကို ပြန်ရနိုင်ဖို့ စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ဆောင်ချက်စာရင်းကို ပြုစုထားကြဖို့ ကျွန်တော့်အသွင်ကူးပြောင်းရေးအဖွဲ့ကို ညွှန်ကြား ထားပါတယ်” ဟုဆိုသည်။

ထို့နောက်သူက “ကုန်သွယ်ရေးနဲ့ပတ်သက်လို့ ကျွန်တော်တို့တိုင်းပြည်အတွက် သိသာထင်ရှားတဲ့ ဘေးအနှရာယ် ဖြစ်နေတဲ့ ပစိဖိတ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုကနေ နုတ်ထွက်ဖို့ ကြိုးပမ်းချက်ကို လုပ်ဆောင်သွားဖို့ ရှိပါတယ်၊ ဒါပေမယ့် အမေရိကန်ကမ်းခြေဒေသတွေမှာ စက်ရုံတွေနဲ့ အလုပ်တွေ ပြန်လည်လည်ပတ်နိုင်ဖို့ မျှတတဲ့ နှစ်ဦးနှစ်ဖက် ကုန်သွယ်ရေး သဘောတူညီချက်ကို ဆွေးနွေးညှိနှိုင်းသွားမှာပါ” ဟုပြောကြားသည်။  Ref:AFP

# Democracytoday

 


Leave a Reply