ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့်ဇနီး မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ချုပ်နာယက ဒေါ်နီနီဝင်းမိသားစုမှ လှူဒါန်းသော ဟင်္သာတမြို့နယ် ကိုင်းချောင်းအုပ်စု ပျဉ်းမချောင်း ကျေးရွာ ဘုရားကြီးကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးဝိသုဒ္ဓါစာရ၏သြဝါဒအားခံယူ၍ အများပြည်သူများမှ အသစ်ပြန်လည် တည်ထားကိုးကွယ်သည့် ရှေးဟောင်းစေတီတစ်ဆူဖြစ်သော “နဝင်းဓာတ်ခံ ထွတ်ဘုန်းလျှံ” စေတီတော်၌ တင်လှူပူဇော်မည့် ပင်မထီးနှင့် အရံစေတီလေးဆူ အတွက်ထီးတော်များအား ကျောင်းတိုက်သို့ ပင့်ဆောင်သည့်အခမ်းအနားကို ယခုလ ၁၁ ရက် နံနက် ၈ နာရီတွင် ပြုလုပ်ခဲ့သည်။

uho

အခမ်းအနားသို့ ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးညွန့်လှိုင်နှင့် အလုပ်အမှုဆောင်များ၊ ဟင်္သာတမြို့နယ် ပါတီဥက္ကဋ္ဌဦးညွန့်ဦးနှင့် အလုပ်အမှုဆောင်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့်ဇနီး ဒေါ်နီနီဝင်းတို့က ပင်မထီးတော်နှင့် အရံစေတီ လေးဆူထီးတော်များ၊ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ဌာပနာတော်များအား ဂေါပကအဖွဲ့သို့ ပင့်ဆောင်ပြီး ဂေါပကအဖွဲ့မှ မော်တော်ယာဉ်များပေါ်သို့ ဆက်လက်ပင့်ဆောင်၍ ဘုရားကြီးကျောင်းတိုက်သို့ ပို့ဆောင်ပြီးနောက် ဘုရားကြီးကျောင်းတိုက်ဆရာတော် ဦးဝိသုဒ္ဓါစာရအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းဖူးမြော်ကြည်ညိုပြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ဆက်စပ်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးက ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံ၍ ရွှေထီးတော် လှူဒါန်းမှု အခြေအနေနှင့် ထီးတော်တင်အခမ်းအနားပြုလုပ်ရန်အတွက် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


Leave a Reply