ပြည်ခိုင်ဖြိုးပါတီဗဟိုအတိုင်ပင်ခံ ဝဏ္ဏကျော်ထင် ဦးဥာဏ်ထွန်းအောင် နှင့် ဇနီးဒေါ်ဝေဝေ မိသားစု ဘိုး/ဘွားများအား လှူဖွယ်ပစွည်းများ လှူဒါန်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဝဏ္ဏကျော်ထင် ဦးဥာဏ်ထွန်းအောင်နှင့် ဇနီ ဒေါ်ဝေဝေ မိသားစုမှ နိုဝင်ဘာ(၁၂)ရက်နေ့က မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ဒေါင်းရပ်အရှေ့/အနောက် ကျေးရွာများရှိ ဘိုးဘွား (၁၂၂)ဦးအား ဝဏ္ဏကျော်ထင် ဦးဥာဏ်ထွန်းအောင်နှင့် ဇနီး ဒေါ်ဝေဝေ မိသားစုတို့မှ လှူဖွယ်ပစ္စည်း များနှင့် ပူဇော်ကန်တော့ကြသည်။
အခမ်းအနားကို ဒေါင်းရပ်အနောက် မွန်တိုက်ကျောင်း၌ နံနက် (၀၈း၄၅) နာရီချိန်တွင် နမောတဿ (၃)ကြိမ် ရွတ်ဆိုဖွင့်လှစ်၍ လှူဖွယ်ပစ္စည်းများနှင့် ဆက်ကပ်လှူဒါန်းကြကာ ဗဟိုအတိုင်ပင်ခံမှ ဦးဥာဏ်ထွန်းအောင်မှ ဘိုးဘွားများအား လှူဒါန်းရခြင်းအကြောင်းကို ပြောကြားပြီး ဘိုးဘွားများကိုယ်စား အဖိုးဦးကျော်သိန်းနှင့် အဖွား ဒေါ်မြတ်စိန်တို့မှ အလှူရှင်များအား ဆုမွန်ကောင်းတောင်းပေးကြသည်။
ထို့နောက် ဗုဒ္ဓံသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆိုကာ နံနက်(၀၉း၄၀)ချိန်တွင် အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။
# Nay Lin Htun