လပွတ္တာမြို့ ဘုရားကြီးကုန်းကျေးရွာ မွန်ဘုရင်မကြီးရှင်စောပုတည်ထားကိုးကွယ်ခဲ့သော ရှင်စောမြတ်စေတီတော် ကန်တော့ပွဲ မေတ္တာသုခဝေနေယျတန်ဆောင်းတော်ဖွင့်ပွဲ ဗုဒ္ဓပူဇနိယပွဲတော် ၁ဝ၈ ပွဲနှင့် မသိုးသင်္ကန်း ရက်လုပ် ကပ်လှူပူဇော်

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ ဒေဝဒဟသဗ္ဗသိဒ္ဓိ နတ်စင်တစ်ရာကျောင်းတိုက် အထူးသာသနာပြု ဆရာတော်ဘဒ္ဒန္တပညာတေဇ ဦးဆောင်၍ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့ လပွတ္တလုပ်(တောင်) ကျေးရွာ အုပ်စု ဘုရားကြီးကုန်းကျေးရွာ မွန်ဘုရင်မကြီးရှင်စောပု တည်ထားကိုးကွယ်ခဲ့သော ရှင်စောမြတ် စေတီတော် (၂၄)ကြိမ်မြောက် ဆီမီး ၁ဝဝဝ၊ ပန်း ၁ဝဝဝ၊ ရေတော် ၁ဝဝဝ၊ ကန်တော့ပွဲ ၁ဝ၈ ပွဲ ကပ်လှူပူဇော်ပွဲနှင့် မသိုး သင်္ကန်းရက်လုပ်ကပ်လှူပူဇော်ပွဲ၊ မေတ္တာသုခဝေနေယျ တန်ဆောင်းတော်ဖွင့်ပွဲ နှင့်(၂၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်အခမ်းအနားကို ယခုလ ၁၄ ရက်တွင် အဆိုပါစေတီ၌ ပြုလုပ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့်ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်း၊ လပွတ္တာခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးလှိုင်ဦးနှင့် အလုပ်အမှုဆောင်များ၊ လပွတ္တာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ နယ်လှည့်သစ္စာဓိဋ္ဌာန် စတုဒိသာ အလှူရှင်များ၊ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

????????????????????????????????????

ယခုလ ၁၄ ရက် မွန်းလွဲ ၃ နာရီတွင် ပန်း ၁ဝဝဝ၊ ရေချမ်း ၁ဝဝဝ နှင့် ကန်တော့ပွဲ ၁ဝ၈ ပွဲတို့အား တင်လှူ ပူဇော်ခြင်း၊ ည ၇ နာရီတွင် ဆီမီး ၁ဝဝဝ အား ထွန်းညှိကပ်လှူပူဇော်ခြင်း၊ ည ၈ နာရီတွင် မေတ္တာသုခ ဝေနေယျ တန်ဆောင်းတော်ဖွင့်ပွဲနှင့် (၂၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်အဖြစ် မီးပုံးပျံများ လွှတ်တင်ခြင်း များဆောင်ရွက်ပြီး ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး နှင့်ဇနီး မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်း နှင့်အဖွဲ့သည် နေမင်းစင်တော်၊ လမင်းစင်တော်၊ သိကြားမင်းစင်တော်၊ ရက္ကန်းသုံးစင်ဖြင့် မသိုးသင်္ကန်း ယှဉ်ပြိုင်ရက်လုပ်နေမှုအား ကြည့်ရှုအားပေးပြီး ဆုရရှိသူများအား ဆုချီးမြှင့်ပေးသည်။

ယင်းနောက် ယခုလ ၁၅ ရက် နံနက် ၄ နာရီတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့်ဇနီး၊ တပည့် ဒါယကာ၊ ဒါယိကာမများသည် ရှင်စောမြတ်စေတီတော်မြတ်ကြီးအား မနောဆွမ်းနှင့် မသိုးသင်္ကန်း ကပ်လှူပူဇော်ကြပြီး သန်လျင်မြို့ သန်လျင်မင်းကျောင်း ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် နိုင်ငံတော်သံဃနာယက အကျိုးတော်ဆောင်ချုပ် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္တိမာဘိဝံသ ဦးဆောင်၍ သံဃာတော် များက ရှင်စောမြတ်စေတီနှင့်မေတ္တာသုခ ဝေနေယျတန်ဆောင်းတို့တွင် ဗုဒ္ဓါဘိသေက အနေကဇာတင် ဆောင် ရွက်ကြသည်။ မွန်းလွဲ ၁ နာရီတွင် ရေစက်ချအခမ်းအနား ကျင်းပရာ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။


Leave a Reply