ရသေ့တောင်မြို့နယ် ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ရသေ့တောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ (၁၂) ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည်။
အစည်းအဝေးသို့ စစ်တွေခရိုင်ပါတီကော်မတီဝင်၊ ရသေ့တောင်မြို့နယ်တာဝန်ခံ ဦးသိန်းထွန်း၊ ရသေ့တောင် မြို့နယ် ပါတီဥက္ကဋ္ဌ ဦးဝေကျော်အောင်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးကျော်မင်းထွန်းနှင့် မြို့နယ်ပါတီ ကော်မတီ ဝင်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ဦးသိန်းထွန်းက မိမိတို့မြို့နယ်ပါတီအနေဖြင့် နယ်မြေဒေသများသို့အရောက် ကွင်းဆင်း ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ယင်နောက် မြို့နယ်ပါတီဥက္ကဋ္ဌမှ ပြည်နယ်ပါတီ၏ လမ်းညွှန်မှာကြားချက်များနှင့် ရေးရာအလိုက် ရှေ့ဆက်လုပ် ဆောင်သွားရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အတွင်းရေးမှူးမှ ရုံးပိုင်းဆိုင်ရာ ပိုင်ဆိုင်မှု စာရင်းနှင့် စည်းရုံးရေးပိုင်းဆိုင်ရာ ငွေစာရင်းများအား ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသော မြို့နယ်ကော်မတီဝင်များမှ နယ်မြေဒေသ များသို့အရောက် ကွင်းဆက်းဆောင်ရွက်ကြသည့်အခါ ကြုံတွေ့လာရမည့် ပကတိမြေပြင်အခြေအနေ သုံးသပ် ချက်များကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး အတည်ပြုသင့်သည်များကို အတည်ပြုခဲ့ကြကြောင်း သိရသည်။
Thaungyan