ရခိုင်ရိုးရာအစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်းဆင်ယင်ကျင်းပသည့် တန်းဆောင်မုန်းလပြည့်နေ့ ဆွမ်းတော်ကြီး လောင်းလှူပွဲတွင် ပြည်နယ်ပြည်ခိုင်ဖြိုးပါတီမှ အစဉ်မပျက် ပါဝင်လှူဒါန်း
ဗုဒ္ဓဘာသာဓလေ့ထုံးတမ်းစဉ်လာအရ ရခိုင်ရိုးရာအစဉ်အလာမပျက် နှစ်စဉ်နှစ်တိုင်း ဆင်ယင်ကျင်းပသည့် တန်းဆောင်မုန်း လပြည့်နေ့ဆွမ်းတော်ကြီး လောင်းလှူပွဲတော်ကြီးအား စစ်တွေမြို့ ၀င်္ကဘာကွင်းအတွင်း ခရစ်နှစ် ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့ (ကောဇာသက္ကရာဇ် – ၁၃၇၈ ခု တန်းဆောင်မုန်းလပြည့်နေ့) နံနက် ၉ နာရီက စည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပလျက်ရှိရာ ရခိုင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေ (ဗဟိုအလုပ်အမှုဆောင်)၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေ(ဗဟိုကော်မတီဝင်)၊ ပြည်နယ်ပါတီ ဘဏ္ဍာရေးမှူး ဦးသန်းထွန်း (ဗဟိုကော်မတီဝင်) တို့မှ ကြီးမှူးပြီး စစ်တွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဒေါ်အေးမာခင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရုံးအဖွဲ့ဝင်များမှ စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် လောကုတ္တရာပညာအား အပမ်းတကုတ် ကြိုးစားနေကြေသာ ဆရာတော်၊သံဃာတော်များ၊ သီလရှင်များ အပါး (၆၀၀) ကျော်တို့အား န၀ကမ္မအလှူငွေများနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အား အစဉ်အလာမပျက် ပါဝင်လောင်းလှူ ခဲ့ကြကြောင်း သိရသည်။
Nay Cho Thway