ဗဟိုအတိုင်ပင်ခံ ဦးဥာဏ်ထွန်းအောင် ချောင်းဆုံမြို့နယ်ပါတီဝင်များနှင့် တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးဥာဏ်ထွန်းအောင်မှ နိုဝင်ဘာ(၁၃)ရက်နေ့ နံနက်(၁၀း၃၀) အချိန်တွင် ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမ၌ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ၊ အတွင်းရေးမှူး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးတို့အား တွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် ဗဟိုအတိုင်ပင်ခံ ဦးဥာဏ်ထွန်းအောင်မှ ပါတီရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားမှုအခြေအနေများအား မေးမြန်းရာ မြို့နယ်ပါတီဥက္ကဌ ဦးမင်းအောင်သူမှ ပြင်ဆင်ထားမှုအခြေအနေများနှင့် တက်ရောက်လာကြသူများမှ တင်ပြဆွေးနွေးကာ နံနက်(၁၁း၃၀)ချိန်တွင် အစည်းအဝေးပြီးမြောက်ခဲ့ပြီး စုစုပေါင်း အင်အား(၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။