တနင်္သာရီတိုင်းဒေသကြီးပါတီနာယက ဒေသဖွံ့ဖြိုးရေးအတွက် လှူဒါန်းမှုပြု

တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နာယကအဖွဲ့ဝင် ဦးကျားမောင်သည် ပါတီ ဗဟိုကော်မတီဝင်၊ ကျွန်းစုမြို့နယ် ပါတီဥက္ကဌ ဦးတင်စိုးနှင့် မြိတ်ခရိုင်ပါတီကော်တီဝင် ဦးအောင်သူစိုး တို့ လိုက်ပါလျက် ပင်လယ်ပိုင်းကျေးရွာများဖြစ်သော မဲတော၊ အုတ်ဖိုမော်နှင့် စခန်းသစ်ကျေးရွာများသို့ နိုဝင်ဘာ (၈) ရက်နှင့် (၉) ရက်နေ့များက သွားရောက်၍ ဒေသခံပါတီဝင်များ၊ ပါတီကိုလိုလားထောက်ခံသူများ၊ ကျေးရွာ ရပ်မိရပ်ဖ ရွာလူကြီးများနှင့် တွေ့ဆုံခဲ့သည်။

tanintharyi3

တိုင်းဒေသကြီးပါတီနာယက ဦးကျားမောင်သည် အုတ်ဖိုမော်ကျေးရွာ ဘုန်းတော်ကြီးကျောင်း တိုးချဲ့ ဆောက် လုပ်ရန်အတွက် အလှူတော်ငွေ ကျပ်တစ်ဆယ်သိန်းတိတိ နှင့် မဲတောကျေးရွာရှိ နာရေးအထောက်အကူပြုအဖွဲ့မှ လိုအပ်နေသော ရေခဲပုန်း အအေးပေး အခေါင်းတလားတစ်လုံးနှင့် တွဲဘက်အသုံးပြုနိုင်ရန် မီးစက်ဒိုင်နမို တွဲလျက် ဆက်စပ်ပစ္စည်းတစ်စုံတို့ကို လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

# U Kyaw Htay Win


Leave a Reply