ဗဟိုအတွင်းရေးမှူးအဖွဲ့ ကရင်ပြည်နယ် ပါတီကော်မတီဝင်များ ပါတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖြွံ့ဖိုးရေးပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့နှင့် ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီအဆင့်ဆင့်ရှိ ကော်မတီဝင်များ၊ ပါတီဝင်များတွေ့ဆုံပွဲကို နိုဝင်ဘာ (၉) ရက် နံနက်  (၁၀) နာရီအချိန်က ပြုလုပ်ရာ ဗဟို အတွင်းရေးမှူး ဦးသန်းထွန်း၊ ဒေါက်တာဒေါ်စန်းစန်းနွယ်၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးအောင်တင်မြင့် (တောင်သူလယ် သမားရေးရာတာဝန်ခံ)၊ ဒေါ်နန်းနီနီအေး (လွှတ်တော်ရေးရာ)၊ ဦးစောမြင့်ဦး (ပြည်နယ် ပါတီဥက္ကဋ္ဌ) တို့ တက်ရောက်ခဲ့ကြသည်။

15016277_676896185813229_6608607863001420124_o kayin4

တွေ့ဆုံပွဲတွင် ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းက ကိုယ့်ပါတီ ကော်မတီဝင်အဆင့်ဆင့်၏ လုပ်ငန်းတာဝန်များ၊ ရေးရာတာဝန်ခံများ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းဆွေးနွေးခြင်း၊ ဒေါက်တာဒေါ်စန်းစန်းနွယ်က အမျိုးသမီး ရေးရာနှင့်ပတ်သက်သော ဖွဲ့စည်းပုံများ၊ လုပ်ငန်းတာဝန်များကို ရှင်းလင်းပြောကြားခြင်း၊ ဗဟိုအလုပ်အမှုဆောင် ဦးအောင်တင်မြင့်က တောင်သူလယ်သမားရေးရာကော်မတီနှင့် ပတ်သက်သော လုပ်ငန်းတာဝန်များကို ရှင်းလင်း ဆွေးနွေးပြောကြားကာ တက်ရောက်လာကြသည့် ခုနစ်မြို့နယ်မှ ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ကော်မတီ ဝင်များမှ မြို့နယ်ပါတီများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ဆွေးနွေးတင်ပြကာ ဆွေးနွေးမှုများကို ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း က ပြန်လည်ရှင်းလင်းဆွေးနွေး၍ တွေ့ဆုံပွဲအခမ်းအနားကို မွန်းလွဲ ၁ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ ကရင်ပြည်နယ်ပါတီအဆင့်ဆင့်ရှိ ကော်မတီဝင်များဖြစ်ကြသည့် ဦးစန်းကို (ပြည်နယ်အတွင်းရေးမှူး၊ ဗဟိုကော်မတီဝင်)၊ ဦးစောဝင်းထိန် (ဘဏ္ဍာရေးမှူး၊ ဗဟိုကော်မတီဝင်)၊ ဦးစောထူးကပေါ် (စည်းရုံးရေးရာ တာဝန်ခံ၊ ဗဟိုကော်မတီဝင်)၊ ဦးဝင်းတင့် (စီမံရေးရာတာဝန်ခံ၊ ပြည်နယ်ပါတီကော်မတီဝင်)၊ ဦးသက်ထွေးလွင် (လူငယ်ရေးရာတာဝန်ခံ၊ ပြည်နယ်ပါတီကော်မတီဝင်)၊ ခရိုင်ပါတီဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမင်းမျိုးမြင့်နိုင် (ဘားအံခရိုင်)၊ ဦးခွန်အောင်သိန်းဝင်း (ကော့ကရိတ်ခရိုင်)၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် ကော်မတီ ဝင်များ၊ ရပ်/ကျေးစည်းရုံးရေး အဖွဲ့ဝင်များ၊ ပါတီဝင်များ စုစုပေါင်းအင်အား ၁ဝဝ ခန့် တက်ရောက်ခဲ့ကြသည်။

ထူးထူး


Leave a Reply