ထိုင်းဇာတိ အမေရိကန်အမျိုးသမီး အမေရိကန် အထက်လွှတ်တော်အမတ် ဖြစ်လာ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဖွားမြင်ခဲ့သူ အမေရိကန် အောက်လွှတ်တော်အမတ်ဖြစ်သူ မစ္စစ်တမ်မီဒပ်က် ၀ပ်သည် အမေရိကန် အထက်လွှတ်တော်အမတ်အဖြစ် နိုဝင်ဘာ ၈ ရက်က ရွေးချယ်တင်မြှောက်ခံခဲ့ရသည် ဟု နိုဝင်ဘာ ၉ ရက်သတင်းများအရ သိရသည်။

14639625_1332393723446804_1972919188853639101_n

၎င်းသည် ဖခင် အမေရိကန်လူမျိုးနှင့် မိခင် ထိုင်းအမျိုးသမီးတစ်ဦးတို့မှ ဖွားမြင်သူဖြစ်ကာ ထိုင်းဘာသာစကားကို လည်း ကျွမ်းကျင်စွာတတ်မြောက်သူဖြစ်သည်။ သူမသည် အီရတ်စစ်ပွဲ၌ ထူးချွန်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ သူဖြစ်ပြီး ရဟတ်ယာဉ်ပျက်ကျ၍ ခြေထောက်နှစ်ဖက်စလုံး ဖြတ်ပစ်ခဲ့ရသူဖြစ်သည်။

၂၀၁၂ ခုနှစ်က အမေရိကန် အောက်လွှတ်တော်အမတ်အဖြစ် အရွေးခံခဲ့ရပြီးနောက် ထိုင်းနိုင်ငံသို့ အလည်အပတ် သွားရောက်ခဲ့သေးသည်။ ဒီမိုကရက်တစ်ပါတီဝင် သူသည် သမ္မတလောင်း ဟီလာရီကလင်တန်အား ထောက်ခံသူ ဖြစ်သည်။
သူမသည် အီလီနွိုက်စ်ပြည်နယ်တွင် မဲဆန္ဒသုံးပုံနှစ်ပုံဖြင့် ပြိုင်ဘက် မာ့က်ကတ်အား အနိုင်ရရှိကာ အထက် လွှတ်တော် အမတ်ဖြစ်လာခဲ့ ခြင်းဖြစ်သည်။

# Democracytoday


Leave a Reply