မကွေးတိုင်းဒေသကြီးပါတီ လပတ်လုပ်ငန်းညှိနှိုင်းစည်းဝေး

မကွေးတိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ (၇) ရက် နံနက် (၁၀) နာရီအချိန်က တိုင်းပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ဗဟို အလုပ်အမှုဆောင် မကွေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ အတွင်းရေးမှူး ဦးဆန်း ညွန့်အောင်၊ ဘဏ္ဍာရေးမှူး ဦးကြည်ထွန်းနှင့် တိုင်းကော်မတီဝင်များ၊ အရံကော်မတီဝင်များ (၂၀) ဦး တက်ရောက် ခဲ့ကြသည်။

magway2

အစည်းအဝေးတွင် တိုင်းပါတီဥက္ကဋ္ဌမှ တစ်လအတွင်း ၀င်ငွေနှင့် ထွက်ငွေ အသုံးစရိတ်များ၊ လချုပ်စာရင်းများအား ရှင်းလင်းဆွေးနွေးပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ မြန်မာနိုင်ငံရေးအခြေအနေများအား ရှင်းလင်း ဆွေးနွေးခဲ့ပြီး တိုင်းပါတီအတွင်းရေးမှူး ဦးဆန်းညွှန့်အောင်မှ တစ်လအတွင်း ဆောင်ရွက်ချက်များ၊ အပတ်စဉ် အစည်းအဝေးမှ ဆုံးဖြတ်ချက်များ၊ ပါတီရေးရာအလိုက် လုပ်ငန်းဆောင်ရွက်မှုများ၊ ခရိုင်ပါတီအလိုက် လုပ်ငန်း ဆောင်ရွက်ချက်များ၊ ပါတီဌာနချုပ်၏ ညွှန်ကြားစာများ၊ ခရိုင်/မြို့နယ်အလိုက် ၀င်စာ/ထွက်စာများအား ဆွေးနွေး တင်ပြပါသည်။

ဆက်လက်၍ တိုင်းဘဏ္ဍာရေးမှူး ဦးကြည်ထွန်းမှ တိုင်းပါတီ၏ ဘဏ္ဍာရေးဆိုင်ရာများ ဆွေးနွေးတင်ပြပြီး တက်ရောက်လာကြသော ကော်မတီဝင်များနှင့် အရံကော်မတီဝင်များမှ မိမိတာဝန်ကျရာ မြို့နယ်များ၏ ဆောင်ရွက်မှုများ၊ ရေးရာကော်မတီအလိုက် လှုပ်ရှားမှုများ၊ သဘာဝဘေးအန္တရာယ်ကျရောက်မှု၊ ကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေမှု၊ ကျန်းမာရေးအထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက် နေမှု၊ ရခိုင်ပြည်နယ်ရောက်တပ်မတော်သားများ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ ဌာနေပြည်သူ့စစ်နှင့် နယ်ခြားစောင့်ရဲတပ် ဖွဲ့များအပေါ် ဂုဏ်ပြုလှူဒါန်းမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက် များအပေါ် တိုင်းပါတီအတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးတို့မှ ဖြည့်စွက်ဆွေးနွေးခဲ့ကာ တိုင်းပါတီဥက္ကဋ္ဌမှ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။


Leave a Reply