ပြည်ရွှေဆံတော်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ တိုင်းပါတီဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ ပါဝင်လောင်းလှူပူဇော်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော် စေတီတော်မြတ်ကြီး (၂၆ဝ၅)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်ဖွင့်ပွဲ အခမ်းအနားနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ပွဲကို နိုဝင်ဘာ (၇) ရက်နံနက် ၆ နာရီတွင် ကျင်းပ ခဲ့ကြောင်း သိရသည်။

15027590_705474139606262_8720223057949361118_n

အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပဲခူးတိုင်းဒေသကြီး(အနောက်) ဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်းပါတီအတွင်းရေးမှူး ဦးကျော်ကျော်လင်း၊ တိုင်းစီမံရေးရာ ဦးမျိုးအောင်၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်ဇော်ဌေးနှင့်ဇနီး ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဆွေဆွေသင်း၊ မြို့နယ်ဥက္ကဋ္ဌ ဦးအောင်တိုးနှင့် မြို့နယ်ပါတီ ကော်မတီများ၊ ပါတီဝင်များအင်အား ၇ဝ ကျော် တက်ရောက်ခဲ့ပြီး ပင့်သံဃာ ၁ဝ၈ ပါးတို့အား လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြကြောင်း သိရသည်။


Leave a Reply