လွိုင်ကော်မြို့နယ်ပါတီ ရပ်ကွက်/ကျေးရွာစည်းရုံးရေးမှူးများနှင့် တွေ့ဆုံ

လွိုင်ကော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နိုဝင်ဘာ (၈) ရက် နံနက် ၁ဝ နာရီအချိန်က လွိုင်ကော်မြို့နယ် ရပ်ကွက်/ကျေးရွာပါတီစည်းရုံးရေးမှူးနှင့် အဖွဲ့ဝင်များအား လစဉ်ပုံမှန် အစည်းအဝေးကို လွိုင်ကော်ခရိုင်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

loikaw

ယင်းတွေ့ဆုံပွဲတွင် ကယားပြည်နယ်ပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်း၊ အတွင်းရေးမှူး ဦးဌေးရယ်နှင့် ပြည်နယ် ပါတီကော်မတီဝင်များ၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်စု ၂၅ အုပ်စုမှ စည်းရုံးရေးမှူးများ စုစုပေါင်း အင်အား ၅ဝ ကျော် တက်ရောက်ကြသည်။

ပထမဦးစွာ ကယားပြည်နယ်ပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်းက လမ်းညွှန်အမှာစကားပြောကြားပြီး ဆက်လက်၍ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဌေးရယ်က ၂ဝ၂ဝ အောင်နိုင်ရေးသည် အဓိက ရည်မှန်းချက်ကြီးဖြစ်ပါကြောင်း၊ ရပ်/ကျေးစည်းရုံးရေးမှူးနှင့်အဖွဲ့ဝင်များမှာ ပြည်သူများနှင့် စဉ်ဆက်မပြတ် ထိတွေ့မှုရှိရန် လိုအပ်ကြောင်း၊ အွန်လိုင်းမီဒီယာများကိုလည်း သုံးစွဲသွားကြရန် ဗဟိုပါတီဥက္ကဋ္ဌကြီး အွန်လိုင်းမီဒီယာနှင့် ပတ်သက်၍ လမ်းညွှန်ချက်များ အသေးစိတ်ရှင်းလင်းသွားသည်။

ဆက်လက်ပြီး လွိုင်ကော်ခရိုင် ပါတီဥက္ကဋ္ဌ ဦးမျိုးမြင့်ဦးက နိုင်ငံရေးနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးသွားကြောင်း၊ ဆက်လက်ပြီး တက်ရောက်လာကြသော ရပ်ကွက်/ကျေးရွာစည်းရုံး ရေးမှူးများမှ သိရှိလို သည်များကို မေးမြန်းကြပြီး လွိုင်ကော်မြို့နယ်ပါတီဥက္ကဋ္ဌက မေးမြန်းချက်များကို အသေးစိတ်ရှင်းလင်းဖြေကြားပြီး ၂ဝ၂ဝရွေးကောက်ပွဲအောင်နိုင်ရေး၊ အနိုင်ရရှိရေးအတွက် စည်းရုံးရေး ကဏ္ဍနှင့်ပတ်သက်ပြီး ပြည်သူများနှင့် ထိတွေ့မှု အမြဲမပြတ်ဆောင်ရွက်ကြရန်၊ လူငယ်ရေးရာကဏ္ဍနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ပိုက်ကျော်ခြင်း အားကစားကို ဒီဇင်ဘာလတွင် ကျင်းပရန်စီစဉ်ထားကြောင်းနှင့် အနိုင်ရရှိသည့် အသင်းအား လာမည့် ၂ဝ၁၇ ခုနှစ် ကယားပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်ကြီးတွင် ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ပိုက် ကျော်ခြင်းအသင်းတစ်သင်း ပါဝင်ယှဉ်ပြိုင်နိုင်ရန် ရွည်ရွယ်ထားပါကြောင်းပြောကြားခဲ့ပြီး ပါတီ ဥက္ကဋ္ဌ ဦးမောင်ရွှေ က နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။ # မမောင်(ချိကယ်သူ)


Leave a Reply