တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာကော်မတီဥက္ကဋ္ဌ General Mikhail Kostarakos နှင့်တွေ့ဆုံ

ကာကွယ်ရေးဦးစီးချုပ်များ၏ ဥရောပသမဂ္ဂစစ်ဘက်ဆိုင်ရာ ကော်မတီအစည်းအဝေး (European Union Military Committee – EUMC Meeting) သို့တက်ရောက်ရန် ဘယ်လ်ဂျီယံ နိုင်ငံ၊ ဘရပ်ဆဲလ်မြို့သို့ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဥရောပသမဂ္ဂစစ်ဘက်ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ General Mikhail Kostarakos အား နိုဝင်ဘာ ၇ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲ၌ ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌရုံးတွင် သွားရောက်တွေ့ဆုံသည်။

14937389_1113918132062384_7058066684795576802_n

ထိုသို့တွေ့ဆုံရာတွင် မြန်မာ့တပ်မတော်နှင့် ဥရောပသမဂ္ဂစစ်ဘက်ဆိုင်ရာကော်မတီ၊ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ တပ်မတော်များအကြား ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရေးနှင့် ဆက်ဆံမှုမြှင့်တင်ရေး၊ လေ့ကျင့်ရေးသင်တန်းများ စေလွှတ်ရေးနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များအား ရင်းနှီး ပွင့်လင်း စွာဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် တပ်မတော်အရာရှိကြီးများ၊ ဘယ်လ်ဂျီယံနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးပေါ်လွင်စိန်၊ ဥရောပသမဂ္ဂစစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး Mr. Roland Kobia နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဥရောပသမဂ္ဂစစ်ဘက်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

# တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး 


Leave a Reply