စိုက်ပျိုးရေးအခြေခံစားသောက်ကုန်များ စံချိန်စံညွှန်းများနှင့်ပတ်သက်သည့် သင်တန်းကျောင်းတစ်ခု ပြည်တွင်း၌ ဖွင့်ရန် Global G.A.P စီစဉ်

13081804_1136480829709399_320826700_n

ကမ္ဘာ့အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းရေး စံချိန်စံညွှန်းအဖွဲ့ GLOBAL G.A.Pက မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး အခြေခံစားသောက်ကုန်များစံ ချိန်စံညွှန်းများနှင့် ပတ်သက် သည့် သင်တန်း ကျောင်းတစ်ခုဖွင့်လှစ် ရန်စီစဉ်နေကြောင်း သတင်းရရှိသည်။

အဖွဲ့၏အမှုဆောင် အရာရှိချုပ်က နိုဝင်ဘာ ၈ ရက်မှ ၉ ရက် အထိ ပြုလုပ်မည့် မြန်မာစားသောက်ကုန် လုပ်ငန်းများ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် တာဝန်ယူမှုရှိသော ကုန်ကြမ်းများ ဝယ်ယူ သုံးစွဲမှုမြှင့်တင်ရေးအလုပ်ရုံဆွေး နွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ် သည်။

‘‘GLOBAL G.A.P အဖွဲ့အ နေနဲ့ မြန်မာနိုင်ငံမှာ GLOBAL G.A.P Academy သင်တန်း ကျောင်းဖွင့်လှစ်ဖို့ စဉ်းစား ထားပါတယ်။ မြန်မာနိုင်ငံဟာ ယုံကြည် အားကိုးလို့ရတဲ့ အစားအစာ ထုတ်လုပ်တဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ပြည်တွင်း နဲ့ ပြည်ပဈေးကွက်မှာ အသိ အမှတ်ပြုရဖို့အတွက် ဒီသင်တန်း ကျောင်းကို တည်ထောင်ဖို့ ရည် ရွယ်ထားတာပါ’’ဟု GLOBAL G.A.P အဖွဲ့မှ အမှုဆောင်အရာ ရှိချုပ် Dr.Kristian Moeller က ပြောသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအလုပ်ရုံဆွေး နွေးပွဲကို စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာ့စီးပွားရေး ကဏ္ဍတာဝန်ယူ မှုရှိရေး အထောက်အကူပြုဌာန PRIME AGri ကုမ္ပဏီတို့ ပူးပေါင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ‘‘တန်ဖိုးမြင့်စိုက်ပျိုးရေး ထွက်ကုန်များအတွက် ဈေးကွက်ကို ချိတ်ဆက် ထိုးဖောက်ဖို့အတွက် နိုင်ငံတကာလက်ခံထားတဲ့ စံချိန်စံညွှန်းတွေအတိုင်း ချမှတ် လုပ်ကိုင်သွားဖို့ရှိပါတယ်’’ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဒေါက်တာ တင်ထွဋ်က ပြောကြားသည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲ ကို ကမ္ဘာ့အစားအသောက်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် စံချိန် စံညွှန်းသတ်မှတ်ရေး အဖွဲ့ GLOBAL G.A.P၊ Faritrade၊ FSSCC22000 အဖွဲ့နှင့် GLOBAL Food Safety Initiative အဖွဲ့တို့မှ ပညာရှင် ၇၀ ခန့် တက်ရောက်ကြသည်။ ‘‘GLOBAL G.A.P၊ Fari-trade၊ FSSCC22000 အဖွဲ့ တွေဟာ နိုင်ငံ တကာစားသောက် ကုန်လုပ်ငန်း များနဲ့လက်လီလက် ကားရောင်းချသူများဈေးကွက်မှာ အစားအသောက် ဘေးကင်းရေး အတွက် ရေရှည်ဖွံ့ဖြိုးရေးနဲ့ တာ ဝန်ခံမှု၊ တာဝန်ယူမှုရှိသော ကုန်ကြမ်းဝယ်ယူသုံးစွဲရေးကို အဓိက စံနှုန်းအဖြစ် လက်ခံထားတဲ့အဖွဲ့ တွေပါ’’ဟု မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အ ကူပြုဌာနမှ ညွှန်ကြားရေးမှူး ဗစ်ကီဘိုမန်းက ပြောသည်။ မြန်မာနိုင်ငံက ထုတ်လုပ် လျက်ရှိသော စိုက်ပျိုးရေးအခြေခံ ကော်ဖီ၊ ဆန်၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များကို ကမ္ဘာသို့ တင်ပို့ရောင်းချရာတွင် ကမ္ဘာ့စံချိန်စံညွှန်း အတိုင်း အဆင့်မီရေး လုပ်ငန်းများကို သင်ကြားပေးမည်ဟု သတင်းရရှိသည်။


Leave a Reply