ဗဟိုဦးဆောင်ကော်မတီဝင်သူရဦးအေးမြင့် ရေဦး၊ ဒီပဲယင်း၊ တန့်ဆည်မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့်သည် နိုဝင်ဘာ (၆) ရက် နံနက် ၉ နာရီတွင် ရွှေဘိုခရိုင် ရေဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ ကျင်းပသော ရေဦးမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ တန့်ဆည်မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပါတီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားသည်။

thura-u-aye-myint

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌဒေါက်တာမြင့်သိန်း (ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်)၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များဖြစ်ကြသည့် ဒေါက်တာဝင်းမြင့်အောင် (ဗဟိုကော်မတီဝင်)၊ ဦးမင်းမင်းဇေယျာမြင့် (ဗဟိုကော်မတီဝင်)၊ ရွှေဘိုခရိုင်ပါတီအတွင်းရေးမှူး ဦးမြတ်မျိုးညွန့်နှင့် ခရိုင်ပါတီကော်မတီ ဝင်များ၊ ရေဦး၊ ဒီပဲယင်း၊ တန့်ဆည်မြို့နယ်များမှ ပါတီဥက္ကဋ္ဌများ၊ မြို့နယ်ပါတီကော်မတီဝင်များနှင့် အရန် မြို့နယ် ပါတီကော်မတီဝင်များ စုစုပေါင်းအင်အား ၁၂၅ ဦး တက်ရောက်ကြသည်။

ပါတီဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့်က တွေ့ဆုံပွဲတွင် မြို့နယ်ပါတီများအတွက် ပါတီဝတ်စုံ တီရှပ် အင်္ကျီများ၊ ပါတီဦးထုပ်များနှင့် သတင်းစာ၊ စာစောင်၊ မဂ္ဂဇင်းစာအုပ်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အေးဇေယျာ


Leave a Reply