ကျောင်းကုန်းမြို့နယ်တွင် ကိုယ့်အားကိုယ်ကိုး ကျေးလက်ဆေးပေးခန်း ဖွင့်ပွဲကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ် ဖုန်းဆိုးကျေးရွာအုပ်စု ဖုန်းဆိုးကျေးရွာ ကိုယ့်အားကိုယ်ကိုး ကျေးလက်ဆေးပေးခန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ (၃) ရက်က ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထိန်ဝင်း၊ ကျောင်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ဆန်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်၊ မြို့မိမြို့ဖ ဦးတင်မောင်နှင့် ပြည်ခိုင်ဖြိုးပါတီ မြို့နယ် နယ်မြေတာဝန်ခံ ဦးမျိုးသီဟတို့ တက်ရောက်ဖွင့်လှစ် အားပေးခဲ့ကြ ကြောင်း သိရသည်။