ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ပါတီဝင်များအားတွေ့ဆုံ

41545027-01112016

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် စည်းရုံးရေးနယ်မြေသို့ အောက်တိုဘာ ၃၁ ရက် မွန်းလွဲ ၃ နာရီ မိနစ် ၂ဝ တွင် ပါတီဗဟိုအလုပ်အမှုဆောင်၊ တိုင်း ပါတီကော်မတီဥက္ကဋ္ဌဦးခင်မောင် စိုးရောက်လာပြီး မြို့နယ်ပါတီကော် မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာ ၃၂ ခုမှ အဖွဲ့ခေါင်းဆောင်များနှင့် ပါတီကော်မတီဝင်များအား တွေ့ဆုံ၍ လမ်းညွှန်မှာ ကြားခဲ့သည်။

တွေ့ဆုံလမ်းညွှန်ပွဲ အခမ်းအနားသို့ ပါတီဗဟိုကော်မတီဝင်၊ တိုင်းပါတီကော်မတီ အတွင်းရေးမှူးဦးသာဝင်း၊ဗဟိုကော်မတီဝင်၊ တိုင်းပါတီ ကော်မတီဝင်၊ နယ်မြေတာဝန်ခံ ဦးတင်အောင်နှ င့် ဒေါ်စန်းစန်းဝင်း၊ အရန်ဗဟို ကော်မတီဝင် ရန်ကုန် (အရှေ့ပိုင်း)ခရိုင် ပါတီဥက္ကဋ္ဌဦးစိန် မြင့်၊ ဘဏ္ဍာရေးမှူးဒေါ်အေးအေး မြင့်နှင့် ခရိုင် ကော်မတီဝင် ဦးဝဏ္ဏမျိုး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်နှင့် (မြောက်ပိုင်း)မြို့နယ်၊ တောင်ဥက္ကလာပ မြို့နယ်၊ မြောက်ဥက္ကလာပ မြို့နယ်၊ ရန်ကင်းမြို့နယ်၊ တာမွေမြို့နယ်နှင့် သင်္ဃန်းကျွန်းမြို့နယ်တို့မှ မြို့နယ်ပါတီ ဥက္ကဋ္ဌများနှင့် မြို့နယ် ကော်မတီ ဝင်များ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ရပ်ကွက်နှင့် ကျေးရွာ ၃၂ခုမှ ပါတီအဖွဲ့ခေါင်း ဆောင်နှင့်ကော်မတီဝင်များ စုစု ပေါင်း ပါတီဝင်၁၈၂ဦး တက် ရောက်၍ တိုင်းပါတီဥက္ကဋ္ဌ၏လမ်း ညွှန်မှုကို ခံယူကြသည်။

တိုင်းပါတီဥက္ကဋ္ဌကပါတီဝင်များ စည်ရုံးရေးကိစ္စရပ်များ၊ ပြည်သူများနှင့် ဆက်ဆံရာတွင် ဆောင်ရန်ရှောင်ရန်များ၊ ပြည်သူများ၏လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးရေးနှင့် မြန်မာ/ ကမ္ဘာ့ နိုင်ငံရေး ကိစ္စရပ်များ တွေ့ဆုံဆွေးနွေး လမ်းညွှန်ခဲ့သည်။ ထို့နောက် မြို့နယ် ပါတီဥက္ကဋ္ဌဦးမြင့်ခိုင်က မြို့နယ် ပါတီကော်မတီ၏ ဆောင်ရွက်ချက်များ၊ ၂ဝ၁၅ခုနှစ် ရွေးကောက်ပွဲ အခြေအနေ များကို ရှင်းလင်းတင်ပြ ပါသည်။ ထို့နောက် တိုင်း ပါတီ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြော ကြားပြီး အခမ်းအနားကို ညနေ ၄ နာရီ ၂၅ မိနစ်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


Leave a Reply