အင်ပင် ဟင်္သာတဇလွန်မြို့နယ်များမှ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ပါတီဥက္ကဋ္ဌဦးသန်းဌေး တွေ့ဆုံ

14955775_449368971904902_1954440884553768411_n

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆောင်သောအဖွဲ့သည် ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ အင်ပင် မြို့နယ်၊ ဟင်္သာတမြို့နယ်နှင့် ဇလွန်မြို့နယ်များမှ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ ပါတီဝင်များ၊ ရပ်ဖိရပ်ဖများနှင့် ယမန် နေ့က တွေ့ဆုံသည်။

အဆိုပါမြို့နယ်သုံးခုကို နံနက်ပိုင်း ၉ နာရီကျော်တွင် အင်ပင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များနှင့်လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ဟင်္သာတမြို့နယ် ပါတီဝင်များနှင့်လည်းကောင်း၊ ညနေပိုင်းတွင် ဇလွန်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့်လည်းကောင်း အသီးသီးတွေ့ဆုံခဲ့ကြောင်းသိရသည်။ ယင်းမြို့နယ်သုံးခုရှိ ပြည်ခိုင်ဖြိုးပါတီဝင် များနှင့် တွေ့ဆုံခဲ့ကြ သည့်အနက် အင်ပင်မြို့နယ် ပြည် ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံမှု သည် ပါတီဝင်အင်အား အများဆုံး တွေ့ဆုံမှုတစ်ရပ်ဖြစ်ပြီး ထိုအခမ်း အနား၌ ရပ်မိရပ်ဖများလည်းတက် ရောက်ကာ ဥက္ကဋ္ဌနှင့် တွေ့ဆုံခဲ့ကြသည်။ ထိုသို့တွေ့ဆုံရာတွင် ပါတီ ဝင်မဟုတ်သော ရပ်မိရပ်ဖများ အနေဖြင့် နိုင်ငံရေးပါတီတစ်ရပ် အဖြစ်ရပ်တည်လျက်ရှိသောပြည်ခိုင် ဖြိုးပါတီအပေါ် သဘောထားများ နှင့်၎င်းတို့၏ပါတီအပေါ် ယုံကြည် သက်ဝင်မှု သဘောထားဆန္ဒများ ကို ထုတ်ဖော်ပြောကြားသည်။

ပါတီဥက္ကဋ္ဌ ဦးသန်းဌေးကလည်း ”တိုင်းပြည်အတွက် ရည်ရှည်တည်တံ့ ခိုင်မြဲအောင်လုပ်ဖို့ တာဝန်ပေးရင် လုပ်ရမှာပဲ။ ဒီကနေ့ ကျွန်တော်တို့မှာလုပ်ပိုင်ခွင့်အာဏာ မရှိတဲ့အချိန်မှာ ဘာစကားတြွေေ ပာ နေပြီလဲ၊ တိုင်းပြည် အတွင်းမှာရှိတဲ့ လူနည်းစုအခွင့်အရေးကို ကာကွယ်ရမယ်။ လူ့အခွင့်အရေးတွေပြောနေတယ်။ အဲ့ဒီတော့ ဒီနေ့ဒီအချိန်မှာ ကျွန်တော်တို့ပြည်ခိုင်ဖြိုးပါတီ ရဲ့ ဦးစားပေး လုပ်ရမယ့်အလုပ်က အမျိုးဘာသာသာသနာကို ကာ ကွယ်စောင့်ရှောက်ခြင်း၊ ဒုတိယလုပ်ရမယ့်အလုပ်ကလူ့အခွင့်အရေး၊ နောက်အရေးကြီးတဲ့ တိုင်းပြည်ရဲ့ လုံခြုံရေး၊ လူပုဂ္ဂိုလ်တွေရဲ့ ကြီးပွားတိုးတက်ရေး၊ အဲ့ဒါတွေ လုပ်ရမယ်။ ဒါတွေဟာဒီနေ့ပါတီရဲ့ ရှေ့တန်းကလုပ်ရမယ့် အလုပ်တွေ။ ဒါတွေဟာ ကျွန်တော်တို့ရဲ့သတင်း စကားပဲပြောပြော ယုံကြည်ပါ။ ဟောဒီတိုင်းပြည်မှာ ဒီမိုကရေစီကို ပထမဆုံး လမ်းဖောက်ပေးလိုက်တာ ကျွန်တော်တို့အစိုးရပါ”ဟု ပါတီဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံစဉ် ထည့်သွင်းပြောကြား ခဲ့သည်။

ထို့ပြင် တိုင်းပြည်တွင် ပြည်ခိုင်ဖြိုးပါတီဦးဆောင်သည့် အစိုးရသက်တမ်း၌ နိုင်ငံ့ဝန်ထမ်းအပါအဝင် ပြည်သူ လူထုတစ်ရပ်လုံး၏ စီးပွားရေးမြင့်မားစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။ ”ကျွန်တော်တို့ကာလတုန်းက ဝန်ထမ်းတွေရဲ့လစာ မမျှော်မှန်းနိုင်သော သိန်းဂဏန်းနဲ့ တိုးမြှင့်ပေးနိုင်ခဲ့သလို ကျန်တဲ့ တိုင်းသူ ပြည်သားတွေအတွက်လည်း ထည့် သွင်းစဉ်းစားပြီး လုပ်ပေးခဲ့တာ အားလုံးအသိပါ။အလုပ်သမားတွေ အနိမ့်ဆုံး လုပ်အားခလစာ၊ နောက် တိုင်းပြည်မှာ အများစုဖြစ်တဲ့ လယ်သမားေ တွကိုလည်း စပါးဈေးကျတဲ့အခါ ကျွန်တော်တို့ အရန်ဆန် ဝယ်ယူတယ်ဆိုတဲ့ စီမံချက်တွေ လုပ်ခဲ့တယ်။ စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကျပ်ဘီလီယံထောင်ပေါင်း၁ဝ၊ ပြီးတော့ သမ္မတရဲ့ ရန်ပုံငွေကနေ ပြီးတော့မှ သန်းထောင်ပေါင်း ၂ဝ စုစုပေါင်း သန်းထောင်ပေါင်း ၃ဝ ဖိုး ကျွန်တော်တို့ စပါးတွေ လိုက် ဝယ်ပေးတယ်။ အဲ့ဒီအတွက် စပါး ဈေးဟာ ငါးသိန်း၊ ခြောက်သိန်း တက်လာတယ်၊ ဒီနေ့ တာဝန်ရှိ သူတွေက ကျွန်တော်တို့အစိုးရ မဟုတ်တော့ဘူး”ဟု ပြည်ခိုင်ဖြိုး အစိုးရလက်ထက်က နိုင်ငံရေး အခင်းအကျင်း အခြေအနေတစ်ရပ် ကို ချပြပြောကြားခဲ့သည်။

အခမ်းအနားတွင် ပြည်ခိုင်ဖြိုး ပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းကလည်း တက် ရောက်လာသော ပါတီဝင်များ၊ ရပ်မိရပ်ဖများသို့ နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့သည်။ ဦးသက်နိုင်ဝင်းက နှုတ်ခွန်း ဆက် အမှာစကားပြောကြားရာတွင် ”လွတ်လပ်ရေးရပြီးနောက် ပိုင်း နိုင်ငံကိုဦးဆောင်တဲ့ အစိုးရ တွေအားလုံးဟာ နိုင်ငံကို ဖျက်လိုဖျက်ဆီး ဆောင်ရွက်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်မရှိပါဘူး။ ကိုယ့်နိုင်ငံသူ နိုင်ငံသားတွေ အားလုံးက ဖွံ့ဖြိုးတိုးတက်ဖို့၊ ချမ်းသာဖို့ ကမ္ဘာ ကို ရင်ပေါင်တန်းနိုင်မယ့် နိုင်ငံ တစ်နိုင်ငံဖြစ်မြောက်ဖို့ ရည်ရွယ်ပြီး တော့ ကိုယ်စွမ်းရှိသမျှ၊ ဥာဏ်စွမ်းရှိသမျှ၊ ကြိုးစားခဲ့တဲ့ ပုဂ္ဂိုလ်တွေပဲ ဖြစ်ပါတယ်။ ဒီလိုပဲ ကျွန်တော်တို့ ၂ဝ၁ဝ ကိုရောက်တဲ့အခါမှာ နိုင်ငံအသီးသီးက ဒီမိုကရေစီစနစ်ကို သွားနေကြပြီဆိုတဲ့အခါ တို့နိုင်ငံ လည်း ဒီမိုကရေစီ စနစ်ကိုသွားဖို့ ဖြစ်တည်လာတဲ့အခါမှာ အချိန်နဲ့ တစ်ပြိုင်တည်း ကျွန်တော်တို့လည်း ဒီမိုကရေစီကို ပြောင်းကြ တယ်။

၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပြည်သူ လူထုက ထောက်ခံတဲ့အတွက် အာဏာရပါတီ ဖြစ်လာတယ်။ အစိုးရဖွဲ့တယ်။ အစိုးရကတစ်ဆင့် ကိုယ့်ကိုမဲပေးခဲ့တဲ့ ပြည်သူကိုပြန်ပြီးတော့ လုပ်ကိုင်ဆောင်ရွက်ေ ပး ခဲ့တာလည်း အသိပါ။ ဒါပေမဲ့ တစ်ဖက်က နှစ်ပေါင်းငါးဆယ် လောက်ထိ၊ ခြောက်ဆယ်လောက် ထိ ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုတော့ ဒါကိုသေချာစဉ်းစားတဲ့ လူတိုင်းသိမှာပါ။ ဘယ်လောက် ကနေဘယ်လောက်ထိ တိုးတက်လာတယ် ဆုတ်ယုတ် လာတယ် ဆိုတာကို သိကြမှာပါ။ ရှည်ရှည် ဝေးဝေးမကြည့်ဘဲ ကိုယ့်နယ်မြေ ကိုယ့်ဒေသကို ပြန်ကြည့်ရင်ပေါ်ပါ တယ်။ အရင်တုန်းက သွားရေးလာရေး၊ အခုဆိုလို့ရှိရင် လွယ်လွယ်ကူကူနဲ့သွားနိုင်တယ်၊လာနိုင်တယ်။ ဒါတွေဟာ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်မယ့် အခြေခံအဆောက်အအုံ တစ်ခုဖြစ်ပါတယ်။ ဒါတွေအား လုံးကို

နိုင်ငံအကြီးအကဲတွေက စိတ်ရင်းစေတနာတွေနဲ့ တည် ဆောက်ပေးခဲ့တယ်ဆိုတာ အားလုံး အသိပဲဖြစ်ပါတယ်။ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုလို့ရှိရင်လည်း ပညာရေးဆိုင်ရာ၊ ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်တွေမှာ ဘယ် လောက်ထိ ပြောင်းလဲတိုးတက် လာလဲဆိုတာ တွေ့ရှိရမှာဖြစ်ပါ တယ်။ အခုပြီးခဲ့တဲ့ ရွေးကောက်ပွဲ တုန်းက ဒါလေးတွေစဉ်းစားပြီး ရွေးပေးရမယ်။ အပြောကောင်းကို ကြည့်ပြီးနေ့ချင်းပဲ ကားတွေစီးရမလား။ တိုက်တွေ ဆောက်ရမလား ဆိုပြီး ရွေးလိုက်တာ ကျွန်တော်တို့ ငါးနှစ်ကာလလုံးလုံး”ဟု ဦးသက် နိုင်ဝင်းက ပြည်ခိုင်ဖြိုးပါတီ လက်ထက် နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေးအခြေအနေအခင်းအကျင်း များကိုချပြရှင်းလင်းတင်ပြ ခဲ့သည်။
ဥက္ကဋ္ဌဦးသန်းဌေး ဦးဆောင် သောအဖွဲ့သည် နေပြည်တော်ပါတီ ဌာနချုပ်မှ အောက်တိုဘာ ၂၈ရက် မှစတင်၍ ဧရာဝတီတိုင်းဒေသကြီး အတွင်းသို့ ထွက်ခွာလာခဲ့ခြင်း ဖြစ်ပြီး အောက်တိုဘာ ၃၁ ရက် အထိ တိုင်းဒေသကြီး အတွင်း ပါတီဝင်များ၊ ရပ်မိရပ်ဖများနှင့် ရင်းနှီးပျူငှာစွာ တွေ့ဆုံခဲ့ခြင်းဖြစ် ပြီးဒေသတွင်း ပါတီဝင်များ၏ ပြည်သူ့အကျိုးပြု ပြည်သူ့ဝန်ထမ်း ရွက်မှုတို့အတွက် ဦးတည်သော လုပ်ဆောင်ချက်များ ပီပြင်စေရေး တို့အတွက် လေ့လာခဲ့ကြသည်။

သာလှ(ပျဉ်းမနား)


Leave a Reply