NLD အစိုးရ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ပေါ်ရန် လုံးပန်းနေရဆဲဟု ဦးခွန်ထွန်းဦး ပြောကြား

ပြည်သူရွေးချယ်ပေးသော NLD ပါတီ အစိုးရအဖွဲ့သည် ယနေ့အချိန်ထိ အပြောင်းအလဲ ကြီးကြီးမားမားဖြစ်ပေါ်ရန် လုံးပန်းနေရဆဲဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောကြားသည်။

5nrn0g

အောက်တိုဘာလ ၂၆ ရက်နေ့၌ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ တည်ထောင်ခြင်း (၂၈)နှစ်မြောက် အခမ်းအနားတွင် ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“ပြည်သူတွေက ရွေးချယ်ပေးတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များကို လေ့လာကြည့်လျှင် အပြောင်းအလဲ ကြီးကြီးမားမားဖြစ်ပေါ်လာအောင် လုံးပန်းနေရဆဲဖြစ်ပါတယ်။ ဒီလိုမျိုးဖြစ်စဉ် တွေ အားလုံးသိရှိနေကြတယ်”ဟု ဦးခွန်ထွန်းဦးက ပြောသည်။ှ

SNLD ပါတီထူထောင်ခြင်း ၂၈ နှစ်မြောက်နေ့ကို တိုင်းရင်းသား နိုင်ငံရေး ပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ NLD ပါတီဝင်များ၊ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေ အရပ်ရပ်အပေါ် SNLD ပါတီအနေနှင့် အကျိုးစီးပွားအတွက် မဟုတ်ဘဲ SNLD  ပါတီအစိုးရ၏ လိုအပ်သော ပံ့ပိုးမှုများ၊ လိုအပ်သော နေရာများတွင် အတတ်နိုင်ဆုံး ကူညီပေးနိုင်ရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်းနှင့် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးခွန်ထွန်းဦးက ဆိုသည်။

“စစ်ရေးကိစ္စတွေကတော့ မဆောင်ရွက်ပေးနိုင်ခဲ့တာတွေ ရှိပါတယ်။ စစ်ဘေးဒုက္ခသည်တွေအတွက် ကယ်ဆယ် ကူညီခဲ့တဲ့ လုပ်ငန်းများစွာကို ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။ ရန်ပုံငွေ ကန့်သတ်ချက်ကြောင့် အပြည့်အဝ ကူညီ ဆောင်ရွက်ပေးနိုင်ခြင်း မရှိခဲ့ဘူး” ဟု ဦးခွန်ထွန်းဦးက ဆက်လက် ပြောဆိုသည်

# The Voice


Leave a Reply