မြင့်မြတ်ပညာရေးဖောင်ဒေးရှင်းမှ ပြင်ဦးလွင်မြို့နယ်တွင်းရှိ မူလတန်းကျောင်းများသို့ ဗလာစာအုပ်များလှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်နှင့် ဇနီး-ဒေါ်မြတ်ငွေ မိသားစုတို့ ထူထောင် ထားသော  “မြင့်မြတ်ပညာရေးဖောင်ဒေးရှင်း” မှ အောက်တိုဘာ (၂၆) ရက်နေ့က ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ငါးရံ့ချောင်း၊ ဆင်ဖြူအင်း၊ အုတ်ဖိုကျေးရွာများရှိ မူလတန်းကျောင်းများသို့ ဗလာစာအုပ်များ သွားရောက် လှူဒါန်းရာ ပြင်ဦးလွင် ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီများမှ ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

14725528_561109060753501_3954372349956236967_n

အလားတူ မြင့်မြတ်ပညာရေးဖောင်ဒေးရှင်းမှ အောက်တိုဘာ (၂၄)ရက်က ပြင်ဦးလွင်မြို့နယ် သပြေကျင်း၊ ခွန်လိမ်၊ ရွှေချောင်းကျေးရွာများရှိ မူလတန်းကျောင်းများသို့ ဗလာစာအုပ်များ လှူဒါန်းခဲ့ရာ ပြင်ဦးလွင် ခရိုင်/မြို့နယ်/ ရပ်ကျေး ပြည်ခိုင်ဖြိုးပါတီဝင်များမှ ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသည်။

#  Zaw Aung Htet


Leave a Reply