လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် တံဆိပ်တုံးနှိပ်မဲပေးသည့် စနစ်ကိုသာ ကျင့်သုံးမည်
၂၀၁၇ ကြားဖြတ်ရွေး ကောက်ပွဲတွင်မဲပေးရာ၌ တံဆိပ်နှိပ်မဲပေးသည့် စနစ်ကိုသာဆက် လက်ကျင့်သုံးမည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောကြားသည်။
‘‘၂၀၁၅ မှာလည်း တံဆိပ် တုံးထုတာနဲ့ပဲ လုပ်ခဲ့တယ်။ တော် တော်များများကလည်း ကျင့်သုံး ပြီးသားဖြစ်လို့ ဒီဟာကိုပဲ ဆက် လက်ကျင့်သုံးဖို့ ရည်မှန်းထားပါ တယ်။ ဒါနဲ့ပတ်သက်ပြီး အမှားအ ယွင်းတွေ တချို့တလေတော့ ရှိ ချင်ရှိမှာပေါ့လေ၊ အများစုက အ မှားအယွင်းနည်းပါတယ်’’ ဟု ဦးလှသိန်းက ဆိုသည်။ အစိုးရသစ် လက်ထက် တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး နောက် နိုင်ငံရေးပါတီများနှင့် အောက်တိုဘာ ၂၄ ရက်က နေ ပြည်တော်၌ ကြားဖြတ်ရွေးကောက် ပွဲကျင်းပရေးနှင့်ပတ်သက်၍ ပထမဆုံးအကြိမ် တွေ့ဆုံရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။
တံဆိပ်တုံးနှိပ် မဲပေးရသည့် စနစ်ကို ပြီးခဲ့သည့် ၂၀၁၅ အထွေ ထွေရွေးကောက်ပွဲတွင် ကျင့်သုံး ခဲ့ပြီး မဲပေးရာ၌ လွယ်ကူသော် လည်း ပယ်မဲအချို့ရှိခဲ့ကြောင်း နိုင်ငံရေးပါတီများက ဆိုသည်။ ‘‘တံဆိပ်တုံးထုတာက ၂၀၁၅ မှာတုန်းက တော်တော့်ကို မဲဆန္ဒရှင်ပညာပေးမှာ နားလည် သဘောပေါက်အောင်လုပ်ပေးရတယ်။ လွယ်ပေမယ့် တကယ်မဲ ပေးတဲ့အခါမှာ တံဆိပ်ထုတာ မထင်လို့ ထပ်ထုတာ နှစ်ထပ်ဖြစ်သွားပြီး ပယ်မဲတချို့ရှိခဲ့တယ်။ အရေ အတွက်တော့ နည်းပါတယ်။ အခုတော့ ဒီစနစ်ကတစ်ခေါက် သုံးပြီးသားဆိုတော့ မဲပေးသူတွေ အတွက် မစိမ်း တော့ပါဘူး’’ဟု ရခိုင်အမျိုးသားပါတီအထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင် ကျော်က ပြောသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လာမည့်ကြားဖြတ် ရွေးကောက်ပွဲတွင်လည်း မဲဆန္ဒ ရှင် ပညာပေးရေး အစီအစဉ်ကို အထူးဂရုစိုက်လုပ်ဆောင်မည် ဖြစ်ကာ မဲပေးသည့်စနစ်ကို ပြည် သူများ ရင်းနှီးမှုရှိစေရန် အလေး ထားလုပ်ဆောင်မည်ဟု ဆို သည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲ က တံဆိပ်တုံးအသုံးပြုသည့် မဲ ပေးစနစ်ကို အသုံးပြုရာ၌ မဲလက် မှတ်ပေါ်တွင် တံဆိပ် တုံးနှိပ်ရမည့် အကွက်၏ အရွယ်အစားမှာ ၁ လက်မပတ်လည်ရှိပြီး တံဆိပ်တုံး တွင် ပါရှိသော တံဆိပ်၏ အရွယ် အစားမှာ ၀ ဒသမ ၅ လက်မပတ် လည်ရှိသဖြင့် မဲပေးရမည့် အကွက်အတွင်းသို့ တံဆိပ်တုံးတစ်ခုလုံး လွတ်လွတ် ကင်းကင်းရောက် ရှိအောင် နှိပ်နိုင်ခဲ့သည်။