ဟင်္သာတမြို့ (၁၇) ကြိမ်မြောက် အဘိဓမ္မာအောင် ဆုနှင်းသဘင်နှင့် အဘိဓမ္မာအခါတော်နေ့ ရွတ်ဆို ပူဇော်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာမြို့နယ်လုံးဆိုင်ရာ အဘိဓမ္မာပြန့်ပွားရေးအသင်းကြီးကကြီးမှူး၍ သာသနာရေး ဦးစီး ဌာနက ကျင်းပသော အဘိဓမ္မာ၊ ဋီကာကျော်နှင့်ဝိသုဒ္ဓိမဂ် စာမေးပွဲမှာ တိုင်းအဆင့်၊ မြို့နယ်အဆင့် ထူးချွန်ဆုရသူများ၊ ဖြေဆိုအောင်မြင်သူများအား ချီးမြင့်သည့် (၁၇)ကြိမ်မြောက် အဘိဓမ္မာအောင် ဆုနှင်းသဘင်နှင့် အဘိဓမ္မာအခါတော် နေ့ ရွတ်ဆိုပူဇော်ပွဲ အခမ်းအနားကို အောက်တိုဘာလ (၁၆) ရက် နေ့လည် (၂)နာရီ အချိန်တွင် ဟင်္သာတမြို့မြစ်ကွေ့ ပရိယတ္တိစာသင်တိုက်တွင် ပြုလုပ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုနာယက ပါတီဗဟိုဦးဆောင် ကော်မတီဝင် ဦးဌေးဦးနှင့် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်  ဦးခင်မောင်ရီ၊ ဟင်္သာတိခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးညွှန့်လှိုင်၊ လူမှုရေးအသင်း အဖွဲ့ဝင်များ မြို့မိမြို့ဖများ တတ်ရောက်ကြသည်။

new-picture-2

ဦးစွာ နမောတသ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး အသင်းကြီး၏ သြဝါဒစရိယ မြစ်ကွေ့ ပရိယတိ စာသင်တိုက် ပဓါနနာယက ဆရာတော် ဘဒ္ဒန္ကသာသနိက ထံမှ (၈)ပါးသီလ ခံယူကြသည်။ ထို့နောက် တိုင်း ပညာရေးမှူး(ငြိမ်း) ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးခင်မောင်ရီမှ သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ထို့နောက် အဘိဓမ္မာ၊ ဋီကာကျော်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲတွင် တိုင်းအဆင့်၊ မြို့နယ်အဆင့် ထူးချွန်ဆုရသူများ ဖြေဆို အောင်မြင်သူများအား ပြည်ခိုင်ဖြိုးပါတီဗဟိုနာယက ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့်် တာဝန်ရှိ သူများက ဆုချီးမြှင့်ရာ သက်ဆိုင်ရာ ဆုရရှိသူများက လက်ခံရယူကြသည်။

ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီ ဗဟိုနယက ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့် တပည့်ဒါယိကာများက ကြွရောက်လာသော ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ ပါတီဗဟို ဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့် စေတနာရှင်များက အလှူငွေများ ပေးအပ်ခြင်း၊ ဟင်္သာတမြို့နယ်လုံးဆိုင်ရာ အဘိဓမ္မာ ပြန့်ပွားရေးအသင်းဥက္ကဌ ဒေါ်အေးအေးကြူက အသင်းကြီး၏ ဆောင်ရွက်ချက်များနှင့် လုပ်ငန်းစဉ်များကို လျှောက်ထား ခြင်းများ ပြုလုပ်ကြပြီးနောက် အသင်းကြီး၏ သြဝါဒစရိယ ဆရာတော် မြို့နယ်သံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင် မြစ်ကွေ့ပရိယတ္တိစာသင်တိုက် တိုက်အုပ်ဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒသီရိ ဘိဝံသထံမှ အနုမောဒနာ တရားနာကြားပြီး ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒသာသနံစိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို  ရုတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။


Leave a Reply