တနင်္သာရီတိုင်းဒေသကြီးပါတီဥက္ကဌ မြိတ်ခရိုင်နှင့် မြိတ်မြို့နယ် ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ တနင်္သာရီတိုင်းဒေသကြီးပါတီ ဥက္ကဌ ဦးချစ်သန်းသည် အောက်တိုဘာလ (၁၅) ရက် နံနက်ပိုင်းတွင် မြိတ်မြို့ရှိ တိုင်းကော်မတီဝင်များ၊ ခရိုင်/မြို့နယ် ပါတီဥက္ကဌများနှင့် ပါတီကော်မတီဝင်များအား တွေ့ဆုံခဲ့သည်။

14714968_1228602393828628_4082196558245935594_o

ထိုသို့တွေ့ဆုံစဉ် တိုင်းဒေသကြီးပါတီဥက္ကဌမှ မြိတ်ခရိုင်နှင့်မြို့နယ်များအတွင်း ပါတီလှုပ်ရှားမှုများ ဆိုင်ရာကိစ္စရပ် များနှင့်စပ်လျဉ်း၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့သည်။

ထိုနောက် မကြာမှီပြောင်းရွေ့ဖွင့်လှစ်မည့်  မြိတ်ခရိုင်ပါတီရုံးခန်းနှင့် မြိတ်မြို့နယ်ပါတီရုံးခန်း ရုံးနေရာ အဆောက် အဦးများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး ရုံးဥပဓိရုပ် ကောင်းမွန်စေရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပ စေရေးတို့အတွက် လုပ်ငန်းလိုအပ်ချက်များနှင့် ဆောင်ရွက်ရမည့်အသေးစိပ် အချက်အလက်များကို ဖြည့်စွက် မှာကြား ဆောင်ရွက်ပေးခဲ့သည်။

ကျော်လင်း – မြိတ်


Leave a Reply