ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် ရန်ကုန်အနောက်ပိုင်းခရိုင်ပါတီဝင်များနှင့်တွေ့ဆုံ

ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် အောက်တိုဘာ (၁၄) ရက် မွန်းလွဲ ၁နာရီက ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်နှင့် ရန်ကုန်တိုင်းဒေသကြီး ကော်မတီ၊ ဗဟိုကော်မတီဝင် ဦးလှထွန်းဦး၊ ဦးအောင်မြင့်၊ ဦးဝင်းအောင်ကျော်တို့လိုက်ပါ၍ ဗဟိုကော်မတီဝင် အနောက်ပိုင်း ခရိုင် ဥက္ကဋ္ဌ ဦးနေဝင်း၊ ခရိုင်အတွင်းရေးမှူး ဦးမြင့်ဆောင်နှင့် ခရိုင်အတွင်းရှိ မြို့နယ် ၁၃ မြို့နယ်မှ မြို့နယ် ဥက္ကဋ္ဌ များ၊ အတွင်းရေးမှူးများ၊ ခရိုင်ကော်မတီ၊ မြို့နယ်ကော်မတီ၊ လူငယ်ရေးရာကော်မတီ၊အမျိုးသမီး ရေးရာကော်မတီ၊ နိုင်ငံတကာရေးရာကော်မတီ၊ နိုင်ငံရေးရာကော်မတီ၊ လုပ်ငန်းစစ်ဆေးရေးရာကော်မတီဝင်များ၊ ပြည်ခိုင်ဖြိုးပါတီ ဝင်များ၊ ဝန်းရံသူများအင်အား ၁၃ဝ တက် ရောက်ကြသည်။

dssw

တွေ့ဆုံပွဲတွင် ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်က သဘောထားတူညီသည့် မိတ်ဖက်ပါတီများနှင့် ပူးပေါင်းပါဝင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ရေးရာအဖွဲ့ဝင်များသည် တက်တက်ြ<ွကြ<ွက ဆောင်ရွက် သူများဖြစ်ပြီး လုပ်ဖော် ကိုင်ဖက်များဖြစ်၍ ယခုလိုရင်း ရင်းနှီးနှီးတွေ့ဆုံခြင်းဖြစ်ကြောင်း၊ စုဖွဲ့၍ လုပ်ဆောင်သွား မည်ဖြစ်ပြီး အသက်အရွယ်အပိုင်းအခြားအလိုက် အတွေ့အကြုံများကိုသင်ခန်းစာယူ ပြီးပြန်လည်ဖွဲ့စည်းမည် ဖြစ်ကြောင်း၊ ဝန်းရံသူများကိုလည်း စည်းရုံး ကြရန်၊ ယခုတွေ့ဆုံပွဲတွင်လည်း ရေးရာကော်မတီဝင်များမှ ပွင့်ပွင့် လင်းလင်းဆွေးနွေးပေးကြရန် ပြောကြားသည်။

ထို့နောက် ရေးရာကော်မတီ ဝင်များကလည်း ရှေ့လုပ်ငန်းစဉ် များကိုဆွေးနွေးတင်ပြပြီး တက်ရောက်လာသူ များ၏တင်ပြချက်များကို ညှိနှိုင်းဆွေးနွေးကာ အခမ်းအနားကို မွန်းလွဲ ၃ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်း လိုက်ကြောင်း သိရသည်။

ဖိုးချို(ယူနီယံ)


Leave a Reply