တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ တိုင်း၊ ခရိုင် မြို့နယ်ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများအား တွေ့ဆုံ

တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ပါတီဗဟိုအလုပ်အမှုဆောင် ဦးချစ်သန်းသည် အောက်တိုဘာ (၁၃) ရက် နေ့ မွန်းလွဲ ၂နာရီခွဲက ထားဝယ်မြို့ တိုင်းဒေသကြီး ပါတီရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

tanintharyi

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီနာယကများ၊ ပါတီဗဟိုကော်မတီဝင်၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးနေမျိုးနှင့်ကော်မတီဝင်များ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းခရိုင် တို့မှ ဥက္ကဋ္ဌနှင့်အတွင်း ရေးမှူးများ၊ မြို့နယ် ၁ဝမြို့နယ်မှ ပါတီဥက္ကဋ္ဌ များနှင့်အတွင်းရေးမှူးများ စုစုပေါင်းအင်အား ၅၃ ဦးတက်ရောက် ကြသည်။
တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပြီးနောက် တိုင်းဒေသကြီးပါတီ နာယက များကလည်း ဆွေးနွေးပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး၊ ခရိုင် မြို့နယ် ပါတီတို့မှ တာဝန်ရှိ သူများက ရှေ့ဆက်ဆောင်ရွက်ကြမည့် လုပ်ငန်း အစီအစဉ်များကို ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌက လိုအပ်သည်များကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းနှင့် ယခုလ ၁၄ရက် နံနက်ပိုင်းတို့တွင် အချိန်နှစ်ချိန်ခွဲ၍ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 


Leave a Reply