ပြည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဓမ္မစကူးလ်သင်တန်းသားသင်တန်းသူများအား အာဟာရဒါန လှူဒါန်း တွေ့ဆုံပွဲ ကျင်းပ

pyi

 

ပဲခူးတိုင်းဒေသကြီး(အနောက်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ တိုင်း ဒေသကြီး ကော်မတီဝင် ဦးမျိုးအောင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်တိုးနှင့် ကော်မတီဝင်များသည် ပြည်မြို့နယ် ဇီးအုပ်အုပ်စု ရွှေမြှောင်ကျေးရွာ ရွာဦးကျောင်းဆရာတော်အား ဝါကျွတ်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ရွာကျောင်း၌သင်ကြားလျက်ရှိသော ဓမ္မစကူးလ်ကျောင်းသား ကျောင်းသူ ၁၁၅ ဦးတို့အား ပလာတာဖြင့် အာဟာရဒါနလှူဒါန်းခြင်း ပြုလုပ်ပြီးနောက် အောက်တိုဘာ (၁၅) ရက် နံနက် ၇ နာရီမှ ၁၁ နာရီထိ ရွှေမြှောင် ကျေးရွာပါတီ၏အမာခံကေဒါများနှင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။


Leave a Reply