ပြည်ခိုင်ဖြိုးပါတီအနေဖြင့် တိုင်းပြည်မတည်ငြိမ်မှုများ ပေါ်ပေါက်နေခြင်းအပေါ် တည်ငြိမ်အေးချမ်းမှု ဖြစ်ပေါ်လာရေး အတွက် တာဝန်ယူကြောင်း ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပြောကြား

တိုင်းပြည်တည်ငြိမ်အေးချမ်းရေး ကိစ္စနှင့်ပတ်သက်၍ ဆောင်ရွက်မှုအတွက် အတွေ့အကြုံရှိသည့် အားလျော်စွာ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် တိုင်းပြည်၏ တည်ငြိမ်အေးချမ်းရေးအတွက် တာဝန်ယူကြောင်း ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးက ယနေ့ မနက်ပိုင်းက ပြောသည်။

14681716_442118842629915_5534935110395038199_n

ပဲခူးတိုင်း (အရှေ့ပိုင်း) ကျောက်တံကားမြို့နယ် ပဲနွယ်ကုန်းမြို့၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ပြည်ခိုင်ဖြိုးပါတီ၏ ရပ်ကျေး စည်းရုံးရေးမှူးများနှင့် တွေ့ဆုံစဉ် ဥက္ကဌ ဦးသန်းဌေးက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိအစိုးရသစ်လက်ထက်တွင် ပြည်တွင်းမတည်ငြိမ်မှုများ တစ်ဖြေးတစ်ဖြေးတိုးပွားလာပြီး နယ်စပ် စစ်မက် ဖြစ်ပွားမှုများလည်း တိုးပွားလာသည့်အတွက် တိုင်းပြည်၏ အနာဂတ်ရှေ့ရေးအပေါ် အမှီပြု၍ “တိုင်းပြည် တည်ငြိမ် အေးချမ်းရေးနှင့်ပတ်သက်လို့ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် တည်ငြိမ်အေးချမ်းရေးအတွက် တာဝန်ယူ တယ်၊ အရင်ကတည်းကလည်း တည်ငြိမ်အေးချမ်းရေးကို တစိုက်မတ်မတ် လုပ်လာတာဖြစ်တဲ့အတွက် အတွေ့ အကြုံရှိပြီးသားဖြစ်တယ်” ဟု ဥက္ကဌ ဦးသန်းဌေးက ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် နိုင်ငံအတွင်း မတည်ငြိမ်မှုများ၊ ကုန်ဈေးနှုန်း ထိုးတက်လာမှုများနှင့် ပြည်သူများရင်ဆိုင်နေကြရပြီး ယင်းသို့ ပြည်သူများကြုံတွေနေသည့် အကျပ်အတည်း အားလုံးသည် လက်ရှိအစိုးရတွင် တာဝန်အရှိဆုံး ဖြစ်ကြောင်း၊ ယခင်က ပြည်ခိုင်ဖြိုးပါတီ တိုင်းပြည်ဦးဆောင်စဉ်ကလည်း တိုင်းပြည်အတွင်း မည်သည့် အကြောင်း အရာမဆို ပေါ်ပေါက်လာပါက တာဝန်ယူဖြေရှင်းဆောင်ရွက်သည်သာဖြစ်၍ ယနေ့ မျက်မှောက်ကာလတွင် ဖြစ်ပေါ်နေသော တိုင်းပြည်၏ အကျဉ်းအကျပ်များသည် နိုင်ငံတော် အစိုးရတွင် တာဝန်ရှိကြောင်း ဆက်လက် ပြောကြားခဲ့သည်။


Leave a Reply