ချောင်းဆုံပြည်ခိုင်ဖြိုး လစဉ်ပုံမှန်အစည်းအဝေးပြုလုပ်
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်၊ ရပ်/ကျေး လစဉ်ပုံမှန် အစည်း အဝေးကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၁၂) ရက် နံနက် ၁၂း၃၀ နာရီအချိန်တွင် မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ရာ အစည်းအဝေးကို မြို့နယ်ပါတီဥက္ကဌ၊ အတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ၄၆ အုပ်စုမှ ရပ်/ကျေး စည်းရုံးရေးမှူးများ စုစုပေါင်း (၅၅)ဦး တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မြို့နယ်ပါတီဥက္ကဌ ဦးမင်းအောင်သူမှ ပါတီရေးရာ လုပ်ငန်းစဉ်များအား ဆွေးနွေးပြောကြားပြီး မြို့နယ်အတွင်းရေးမှူးမှ ဖြည့်စွက်ဆွေးနွေးကာ တက်ရောက်လာ သည့် ရပ်/ကျေးစည်းမှူးများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး အစည်းအဝေး ၂း၃၀ အချိန်တွင် ပြီးဆုံးကြောင်း သိရှိရသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ်