မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များအတွင်း ဖြစ်ပွားခဲ့သည့် လုံခြုံရေးဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးများ၊ နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီကိုယ်စား ပါတီဗဟိုအလုပ်အမှုဆောင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ တက်ရောက်ဆွေးနွေး

မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များအတွင်း ဖြစ်ပွားခဲ့သည့် လုံခြုံရေးဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများသည် ပြည်နယ်ဝန်ကြီးများ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးပွဲကို အောက်တိုဘာ (၁၁) ရက် ညနေ (၄) နာရီအချိန်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ၀န်ကြီးချုပ်ဧည့်ခန်းမဆောင်တွင် ကျင်းပပြုလုပ် ရာ ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီကိုယ်စား ပါတီဗဟိုအလုပ်အမှုဆောင်၊ ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေမှ တက်ရောက်ဆွေးနွေးခဲ့သည်။

rak1

တွေ့ဆုံပွဲတွင် ပြည်နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေမှ “အခုဖြစ်ပေါ်နေတဲ့ကိစ္စရပ်အပေါ်မှာ ဒေသခံ တိုင်းရင်းသားတွေအနေနဲ့ စိုးရိမ်ပူပန်မှု တွေဖြစ်နေကြပါတယ်။ ဖြစ်ပွားရာဒေသရှိ မိသားစုများထံမှ ဖုန်းနဲ့သော် လည်းကောင်း၊ လူမှုကွန်ယက်စာမျက်နှာများမှသော်လည်းကောင်း စိုးရိမ်ပူပင်မှုတွေ ဘယ်လောက်အတိုင်းအတာ ထိရှိနေကြလိမ့်မယ်ဆိုတာ တွေးကြည့်လို့ရနိုင်ပါတယ်။ ဒါကြောင့် ဒီကိစ္စရပ်အပေါ် ပြည်ထောင်စုအစိုးရအနေနဲ့ သော်လည်းကောင်း၊ ပြည်နယ်အစိုးရအနေနဲ့သော်လည်းကောင်း လုံခြုံရေးကို တင်းတင်းကျပ်ကျပ်၊ ကြပ်ကြပ် မတ်မတ်ဆောင်ရွက်သွားဖို့ကို ကျနော်တို့ပါတီအနေနဲ့ တိုက်တွန်းလိုပါတယ်။ ဒီအကြမ်းဖက် တိုက်ခိုက်မှုဟာ နိုင်ငံတော်အချုပ်အခြာအာဏာကို တိုက်ရိုက်ထိခိုက် စော်ကားတာလည်းဖြစ်ပါတယ်။ ဒီအကြမ်းဖက်မှုဟာ သာမာန် အကြမ်းဖက် မှုမျိုးမဟုတ်ဘဲနဲ့ လူမျိုးရေး အသွင်ဆောင်သွားရင် အလွန်ဆိုးဝါးတဲ့ခြေအနေကို ရောက်ရှိ သွားမှာဖြစ်တဲ့အတွက် အစိုးရအဖွဲ့အနေနဲ့ လေးလေးနက်နက် ဆောင်ရွက်သွားဖို့ကိုလည်း ကျနော်တို့ပါတီအနေနဲ့ မေတ္တာရပ်ခံအပ်ပါတယ်။ အခုလိုဖြစ်ပွားမှုမှာ ကျနော်တို့ပါတီအနေနဲ့ ပြည်သူတွေနဲ့အတူ အစိုးရအဖွဲ့နှင့်အတူတကွ လက်တွဲဆောင်ရွက်သွားဖို့လည်း ဆန္ဒရှိပါတယ်။ အဓိကတိုက်တွန်းလိုတာကတော့ ဒီလိုဖြစ်ရပ်မျိုးဖြစ်ပြီးတဲ့ နောက်မှာ ဒီထက်ဆိုးဝါးတဲ့ဖြစ်ရပ်မျိုး မဖြစ်ပွားစေဖို့ အစိုးရအဖွဲ့အနေနဲ့ ရေရှည်အစီအမံများ ဘယ်လိုချမှတ် ဆောင်ရွက်သွားမလဲဆိုတာကို အဓိကထား စီစဉ်ဆောင်ရွက်သွားဖို့ကိုလည်း ထည့်သွင်းစဉ်းစားပေးဖို့ တိုက်တွန်း လိုပါတယ်။ နောက်ဆုံးအနေနဲ့ကတော့ ဒီဖြစ်စဉ်မှာ အားလုံးငြိမ်းငြိမ်းချမ်းချမ်း၊ အေးအေးချမ်းချမ်းနဲ့ ပြီးဆုံးသွားဖို့ ကိုမျှော်လင့်မိပါကြောင်း ပြောကြားလိုပါတယ်” ဟု ဆွေးနွေးသွားခဲ့သည်။  

နေချိုသွေး


Leave a Reply