သံတွဲပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၆/၂၀၁၆) ကျင်းပ

သံတွဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းဝေး (၆/၂၀၁၆)ကို အောက်တို ဘာလ (၁၀) ရက် နံနက် (၉) နာရီအချိန်က သံတွဲခရိုင်ပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

viber-image

အခမ်းအနားသို့ ဗဟိုကော်မတီဝင် ဦးလှဟန် ခရိုင်ပါတီဥက္ကဌ ဦးဖိုးရီအောင်၊ ခရိုင်ပါတီအတွင်းရေးမှူး ဒေါ်ဝင်မင်းမာထွန်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဌ ဦးစန်းနိုင်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးကြည်ရွှေနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးခေါင်းဆောင်များ စုစုပေါင်း အင်အား(၆၃)ဦး တက်ရောက် ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်ပါတီဥက္ကဌဦးစန်းနိုင်မှ ရပ်/ကျေး မြို့နယ်ဥက္ကဌနှင့် ကော်မတီဝင်များ ဖွဲ့စည်းထားမှု၊ ရေးရာတာဝန်များ တာဝန်ပေးအပ်ထားမှု၊ ပါတီဝင်များစီစစ်မှု၊ ရုံးလုပ်ငန်းများဆောင်ရွက်မှုတို့ကို ရှင်းလင်းတင်ပြ ခဲ့ပြီး မြို့နယ်ဥက္ကဌ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ ဗဟိုကော်မတီဝင်နှင့် ခရိုင်ဥက္ကဌတို့မှ ဖြည့်စွက်ဆွေးနွေး လမ်းညွှန်ပေးခဲ့ပြီး အစည်းအဝေးကို မွန်းလွဲ (၁) နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

သရဏဂုံ


Leave a Reply