ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်း ဇေယျာသီရိမြို့နယ်အတွင်း လှည့်လည်ကြည့်ရှု
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးဝင်း သည် အောက်တိုဘာ (၇) ရက် မွန်းလွဲပိုင်းတွင် ဇေယျာသီရိမြို့နယ်အတွင်းရှိ ဒေသဖွံဖြိုး တိုးတက်မှုအခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးဝင်းသည် ဇေယျာသီရိမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် မွန်းလွဲ ၂ နာရီတွင် အိုင်စောက်ကျေးရွာနှင့် သစ်တပ်ကလေးကျေးရွာတို့၌ စာကြည့်တိုက်ဆောက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ လှူဒါန်းခဲ့သည်။
ဆက်လက်၍ ရွှေကျကျေးရွာ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း၌ လှူဒါန်းထားသော အဆောက်အအုံအား သွားရောက် ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
နေထက်ဝေ