ရခိုင်တွင် နယ်မြေ ရှင်းလင်းနေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ရိက္ခာခြောက်များ ပေးပို့လှူဒါန်းရန်စီစဉ်

 13081804_1136480829709399_320826700_n

ရခိုင်ပြည်နယ်အတွင်း ကျူးကျော်ဝင်ရောက်လာသူများကို နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ အပါအ၀င် နိုင်ငံ့ဝန်ထမ်းများအတွက် တောင်တွင်းကြီး မြို့လူငယ်များ စုပေါင်းကာ စားသောက် ရိက္ခာခြောက်များ ပေးပို့ လှူဒါန်း မည်ဖြစ်ကြောင်း  သတင်းရရှိ သည်။

 တောင်တွင်းကြီးမြို့မှ လူငယ်များဦးဆောင်ကာ အောက်တိုဘာ ၁၃ ရက်ကစတင်၍ နီးစပ်ရာမိတ်ဆွေ သူငယ်ချင် များထံ စတင် အလှူခံနေပြီး ခေါက်ဆွဲခြောက်၊ ကော်ဖီထုပ်၊အသားတု၊ စီးကရက်၊ သောက်ရေသန့်၊ ရေ သန့်ဆေးပြား၊ ငါးပိထောင်းဘူး များနှင့် ဖက်ဆေးလိပ်ထုပ်များ ၀ယ်ယူလှူဒါန်းမည်ဖြစ်ကြောင်း ဦးဆောင်သူ လူငယ် ကိုဗိုလ်ပြည့်က ပြောသည်။

‘‘အလှူခံဖွင့်ပြီး လိုက်အလှူ ခံတာတွေမဟုတ်ဘူး။ ကိုယ်နီး စပ်ရာ လူငယ်သူငယ်ချင်း မိတ် ဆွေတွေ စုပေါင်းလှူမယ့်သဘော ပဲလုပ်တာပါ။ အခုလက်ရှိတော့ ငါးသိန်းဖိုး လောက် ရနေပါပြီ။ သွားရောက်လှူဒါန်းကြတဲ့ အခါ မှာလည်း ကုန်ကျမယ့်စရိတ်ကို လှူဒါန်းငွေထဲက သုံးစွဲမှာမဟုတ် ဘဲ လိုက်ပါမယ့်သူတွေက ကိုယ်  တိုင် စိုက်ထုတ်ကုန်ကျခံမှာ ဖြစ် ပါတယ်’’ ဟု ၎င်းက ပြောသည်။

အောက်တိုဘာ ၁၈ ရက်တွင် သွားရောက်လှူဒါန်းမည်ဖြစ်ပြီး မင်းဘူးခရိုင် အမ်းတပ်နယ်ရှိ တပ်မမှူးထံမှတစ်ဆင့် ရခိုင်ပြည်နယ်ရှိ နိုင်ငံ့ဝန်ထမ်းများထံသို့ ပေးပို့ လှူဒါန်းမည်ဖြစ်ကြောင်း ဦး ဆောင်သူ ဦးစိုးနိုင်က ပြောသည်။


Leave a Reply