ပြည်ခိုင်ဖြိုးပါတီကို အသရေပျက်စေရန် ရည်ရွယ်ပြီး ရေးသားထုတ်လွှင့်သူအား တိုင်ကြား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ပါတီအကြီးအကဲများအပေါ် မမှန်မကန် ရေးသားထုတ်လွှင့်မှုတစ်ခုကို Moe Zaw Account မှ 2015 Demo Pa Yit Group လူမှုကွန်ယက်တွင် (၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၁) ရက်နေ့ ရေးသား ဖေါ်ပြခဲ့ကြောင်း အထောက်အထားများအရ တွေ့ရှိရသဖြင့် ပြည်ခိုင်ဖြိုးပါတီကို မဟုတ်မမှန် ရေးသား ဖြန့်ချီသူ Moe Zaw ဆိုသူအား စုံစမ်းဖေါ်ထုတ် အရေးယူပေးရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြ ထားကြောင်း သိရှိရပါသည်။

14469624_437696809738785_1212332170618317565_n

ထို Account ပိုင်ရှင်သည် လက်ရှိတည်ဆဲဥပဒေဖြစ်သည့် ဆက်သွယ်ရေးဥပဒေပုဒ်မ(၆၆-ဃ) အရ ဆက်သွယ် ရေးကွန်ရက်တစ်ခုခုကို အသုံးပြု၍ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း ဆိုသည့်အချက်နှင့် အကျုံးဝင်နေပြီး ပုဒ်မ ၆၈ အရလည်း မမှန်ကန်သော သတင်းအချက်အလက်ကို မရိုးမဖြောင့်သောသဘောဖြင့် ဆက်သွယ်ခြင်း၊ ဖမ်းယူ ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ချိခြင်း သို့မဟုတ် ပေးဝေခြင်းသို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်း ဆိုသည့်အချက်များနှင့် အကျူံးဝင်နေကြောင်း သိရပါသည်။


Leave a Reply