ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့် ရွှေဘိုခရိုင်အတွင်းရှိ ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့်သည် အောက်တိုဘာလ (၅) ရက် နံနက်(၁၀) နာရီ (၄၅)မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်ပါတီရုံး ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်သည့် ရွှေဘိုခရိုင်နှင့် ခရိုင်အတွင်းရှိမြို့နယ်များမှ ပါတီကော်မတီ ဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကာ ပါတီစည်းရုံးရေးဆိုင်ရာကိစ္စရပ်များ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးပါတီဥက္ကဌ ဒေါက်တာမြင့်သိန်း (ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်)၊ ပါတီမိတ်ဆွေ ဦးဇော်မင်းဦး (စန်းမြတ်ရောင်ခြည်သင်္ကန်းတိုက်)၊ တိုင်းဒေသကြီးပါတီ အတွင်းရေး မှူး ဦးအောင်ဇော်ဦး(ဗဟိုကော်မတီဝင်)၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များဖြစ်ကြသော ဦးမင်းမင်းဇေယျာမြင့် (ဗဟိုကော်မတီဝင်)၊ ဦးမြင့်တင်(ဗဟိုကော်မတီဝင်)၊ ဦးသန်းဝင်းထွန်း၊ ရွှေဘိုခရိုင်ပါတီဥက္ကဌ ဦးစိုးအေး (အရန်ဗဟိုကော်မတီဝင်)နှင့် ခရိုင်အလုပ်အမှုဆောင်များ၊ ရွှေဘိုမြို့နယ်ပါတီဥက္ကဌ ဦးဇော်ဇော်နှင့် မြို့နယ် အလုပ် အမှုဆောင်များ၊ ခင်ဦးမြို့နယ်ပါတီဥက္ကဌ ဦးထွန်းမြင့်နှင့် မြို့နယ်အလုပ်အမှုဆောင်များ၊ ဝက်လက်မြို့နယ်ပါတီဥက္ကဌ ဦးစိုးခိုင်နှင့် မြို့နယ်အလုပ်အမှုဆောင်များနှင့် မြို့နယ်အလိုက် အရန်အလုပ်အမှုဆောင်ကော်မတီဝင်များ စုစုပေါင်း (၁၁၅)ဦး တက်ရောက်ကြသည်။
ပါတီဦးဆောင်ကော်မတီဝင်မှ ဒေသဖွံ့ဖြိုးရေးနှင့် ပါတီစည်းရုံးရေးကိုပူးတွဲ၍ ပြည်သူတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ရန်မှာကြားခဲ့ပြီး တွေ့ဆုံပွဲကို မွန်းလွဲ (၁) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်း ရရှိပါသည်။ အေးဇေယျာ