ပြည်နယ်အတွင်းရေးမှူး မြို့နယ်ပါတီ တောင်သူ၊ အလုပ်သမား၊ အမျိုးသမီးရေးရာကော်မတီဥက္ကဌ၊ အဖွဲ့ဝင်များနှင့်တွေ့ဆုံ
မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဝင်းမော်ဦးသည် ၂၀၁၆ခုနှစ် အောက်တိုဘာလ ၃ရက်နေ့ မွန်းတည့် ၁၂းဝဝ နာရီအချိန်တွင် မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ မွန်ပြည်နယ် ၁၀မြို့နယ်မှ တောင်သူ၊လုပ်သမား၊ အမျိုးသမီးရေးရာကော်မတီ ဥက္ကဌ များ၊ အဖွဲ့ဝင်များ နှင့်တွေ့ဆုံခဲ့ပါသည်။
အဆိုပါ တွေ့ဆုံပွဲသို့ မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဝင်းမော်ဦး၊ ပြည်နယ် တောင်သူ၊ အလုပ်သမား၊ အမျိုးသမီးရေးရာကော်မတီဥက္ကဌ များ၊ မွန်ပြည်နယ် ၁၀မြို့နယ်မှ သက်ဆိုင်ရာရေးရာ ကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြပြီး ပါတီရေးရာလုပ်ငန်းများအား သက်ဆိုင်ရာ ရေးရာကော်မတီများမှ အစုအဖွဲ့လိုက်ခွဲကာ ဆွေးနွေးခဲ့ကြပြီး မွန်းလွဲ ၁း၃ဝ နာရီအချိန်တွင် ပြီးဆုံးကြောင်း သိရှိရပါသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ်