မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ခရိုင် မြို့နယ် ပါတီလုပ်ငန်းညှိနှိုင်း
မန္တလေးတိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ၏ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောကိတိုဘာ (၃) ရက် နံနက် ၉ နာရီက တိုင်းဒေသကြီးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဝင်းမောင်က အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီးပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုးက ပါတီ အဖွဲ့အစည်းများ ဖွဲ့စည်းမှုနှင့် ပါတီလုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးကာ ခရိုင်အသီးသီး မှ ခရိုင်ပါတီဥက္ကဋ္ဌများက မိမိတို့ခရိုင်နှင့် သက်ဆိုင်သော ပါတီဖွဲ့စည်းမှု၊ ပါတီဝင်အင်အား အခြေအနေ၊ စည်းရုံးရေး၊ စီမံခန့်ခွဲရေးနှင့် ဘဏ္ဍာရေးအခြေအနေများကို ဆွေးနွေးတင်ပြ ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးပါတီကော်မတီဝင်များက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထား ရှိမှု အခြေအနေများကို ဖြည့်စွက်ဆွေးနွေးခဲ့ကာ အစည်းအဝေးသို့ တက်ရောက်လာသော မြို့နယ်အသီးသီးမှ မြို့နယ်ပါတီဥက္ကဋ္ဌများက သက်ဆိုင်ရာမြို့နယ်အလိုက် ပါတီဖွဲ့စည်းမှု၊ တာဝန်ခွဲဝေထားရှိမှု၊ စီမံခန့်ခွဲရေး၊ ဘဏ္ဍာရေးနှင့် မီဒီယာကိစ္စရပ်များ စသည်တို့ကို ဆွေးနွေးတင်ပြသည်။
ထို့နောက် အထွေထွေကိစ္စများကို ဆွေးနွေးခဲ့ကာ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်က နိဂုံးချုပ်စကားပြောကြား၍ အစည်းအဝေးကိုရုပ်သိမ်းခဲ့သည်။
အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မိုးနှင့် တိုင်းဒေသကြီး ပါတီ ကော်မတီဝင်များ၊ ခရိုင်ခုနစ်ခရိုင်မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးများ၊ မြို့နယ် ၂၈ မြို့နယ် မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးများ စုစုပေါင်း အင်အား ၁၂ဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
သုတ